Sunday, March 14, 2010

Bring Me To Life

စာရိုက္ရမွာ ပ်င္းေနလို့ စိတ္ထဲမွာပဲ ေရးေနတာ ျကာျပီ။ ဒီရက္ပိုင္း အရမ္းကို lonely ျဖစ္ေနေတာ့ ဘာလုပ္ဖိဳ့မွလည္း mood မရွိဘဴး။ ဘာမွလည္း
အဆင္မေျပဘူး။ ဒါေတြလည္း ေျပါမေနခ်င္ေတာ့ပါဘဴး။ ဟိုတစ္ေန့က သီခ်င္း အေဟာင္းေလး တစ္ပဳတ္ ဘာသာျပန္ျကည့္ထားတာ။
Evenesence ရဲ့ "Bring Me To Life" ေလ။ ဖတ္ျကည့္ေပးျကပါအံဳး။ (it is not line by line translation.)

"Bring Me To Life"


ခံစားခ်က္ေတြလည္း ေအးခဲျပီး ရင့္ေရာ္သြားတယ္၊
ငါ့ဝိညာဉ္ရဲ့ အတြင္းဆံဳးအေမွာင္မွာ ဝဲလွည့္ ၊
တိတ္ဆိတ္ျခင္းနဲ့ အတဴ ငါ့ကိုယ္ငါ နက္နက္ရွိုင္းရွိဳင္း ပိတ္ေလွာင္ ေနခဲ့မိျပီထင္ရဲ့။


ငါ့ကို္ငါ လြင့္ျပယ္ ေပ်ာက္ဆံဳးေနခ်ိန္မွာ
မင္းတစ္ေယာက္သာ ေျခသံဖြဖြနဲ့ ေရာက္ရွိလာတယ္။
ေနာက္ျပီး ငါ့ရဲ့ ဖြင့္ထားတဲ့ မ်က္ဝန္းတံခါးကေန
စိတ္ရဲ့ အတြင္း ဆံုးထိ ဝင္ေရာက္လာခဲ့ျပီး
ရွာေဖြ ဆယ္ယူေပးသူပါ။


ငါ့ကို ဒီအေမွာင္ထဲက နိုးထေစပါေတာ့ အခ်စ္ေလးေရ
ငါျပိဳက်မသြားခင္
ငါ့ရဲ့ေသြးေတြ စီးဆင္းဖို့ အမိန့္ ေပးပါအံုး
မရွိျခင္းေတြထဲမွာ ေပ်ာက္ဆံုးေနသူကိဳ ကယ္တင္သဴေရ။


ဒီအနွစ္မဲ့တဲ့ ဘဝထဲမွာ
မင္းမရွိရင္ ငါမျဖစ္တည္နိဳင္ဘဴးေလ၊
မင္းရဲ့အေငြ႕နဲ့ ငါ့ကိုျဖစ္တည္ေစျပီး
မင္းရဲ့အခ်စ္နဲ့ အသက္သြင္းခဲ့ပါ။


မင္းရဲ့ ထိေတြ႕မႈနဲ့ အခ်စ္မရွိသေရြ႕
ရင္ထဲမွာ ေအးခဲ ရပ္တန့္ေနတယ္ ။
အခ်စ္ေလးေရ...
အလြမ္းေတြနဲ့ဖြဲ႕သီထားတဲ့ ေသဆံုးျခင္းေတြရဲ့အလယ္
မင္းေလးကသာ အသက္ဓါတ္ေပါ့။


ဘာမွ ယံုျကည္စရာ မရွိေလာက္ေအာင္
တစ္ေယာက္ထဲေမွာင္မိုက္ေနရခ်ိန္ေတြမွာ
နွစ္ေပါင္း တစ္ေထာင္စာေလာက္ အိပ္ေမာက်ေနရသဴကိဳ
ရွင္သန္ထေျမာက္ေစသဴေရ...
မင္းမရွိလို့ ခံစားခ်က္ဝိညာဉ္ေတြ ပ်က္သဳန္း
ေသသူတစ္ေယာက္ အျဖစ္ မထားခဲ့ပါနဲ့
မင္းရဲ့အခ်စ္နဲ့ အသက္သြင္းခဲ့ပါ။


it is not line by line translation. how is it?



Unicode version


စာရိုက်ရမှာ ပျင်းနေလို့ စိတ်ထဲမှာပဲ ရေးနေတာ ကြာပြီ။ ဒီရက်ပိုင်း အရမ်းကို lonely ဖြစ်နေတော့ ဘာလုပ်ဖို့မှလည်း mood မရှိဘူး။ ဘာမှလည်း အဆင်မပြေဘူး။ ဒါတွေလည်း ပြောမနေချင်တော့ပါဘူး။ ဟိုတစ်နေ့က သီချင်း အဟောင်းလေး တစ်ပုတ် ဘာသာပြန်ကြည့်ထားတာ။ Evenesence ရဲ့ "Bring Me To Life" လေ။ ဖတ်ကြည့်ပေးကြပါအုံး။



"Bring Me To Life"

ခံစားချက်တွေလည်း အေးခဲပြီး ရင့်ရော်သွားတယ်၊
ငါ့ဝိညာဉ်ရဲ့ အတွင်းဆုံးအမှောင်မှာ ဝဲလှည့် ၊
တိတ်ဆိတ်ြခင်းနဲ့ အတူ ငါ့ကိုယ်ငါ နက်နက်ရှိုင်းရှိုင်း ပိတ်လှောင် နေခဲ့မိပြီထင်ရဲ့။



ငါ့ကို်ငါ လွင့်ပြယ် ပျောက်ဆုံးနေချိန်မှာ
မင်းတစ်ယောက်သာ ခြေသံဖွဖွနဲ့ ရောက်ရှိလာတယ်။
နောက်ပြီး ငါ့ရဲ့ ဖွင့်ထားတဲ့ မျက်ဝန်းတံခါးကနေ
စိတ်ရဲ့ အတွင်း ဆုံးထိ ဝင်ရောက်လာခဲ့ပြီး
ရှာဖွေ ဆယ်ယူပေးနိုင်သူပါ။



ငါ့ကို ဒီအမှောင်ထဲက နိုးထစေပါတော့ အချစ်လေးရေ
ငါပြိုကျမသွားခင်
ငါ့ရဲ့သွေးတွေ စီးဆင်းဖို့ အမိန့် ပေးပါအုံး
မရှိခြင်းတွေထဲမှာ ပျောက်ဆုံးနေသူကို ကယ်တင်သူရေ။



ဒီအနှစ်မဲ့တဲ့ ဘဝထဲမှာ
မင်းမရှိရင် ငါမဖြစ်တည်နိုင်ဘူးလေ၊
မင်းရဲ့အငွေ့နဲ့ ငါ့ကိုဖြစ်တည်စေပြီး
မင်းရဲ့အချစ်နဲ့ အသက်သွင်းခဲ့ပါ။



မင်းရဲ့ ထိတွေ့မှုနဲ့ အချစ်မရှိသရွေ့
ရင်ထဲမှာ အေးခဲ ရပ်တန့်နေတယ် ။
အချစ်လေးရေ...
အလွမ်းတွေနဲ့ဖွဲ့သီထားတဲ့ သေဆုံးခြင်းတွေရဲ့အလယ်
မင်းလေးကသာ အသက်ဓါတ်ပေါ့။



ဘာမှ ယုံကြည်စရာ မရှိလောက်အောင်
တစ်ယောက်ထဲမှောင်မိုက်နေရချိန်တွေမှာ
နှစ်ပေါင်း တစ်ထောင်စာလောက် အိပ်မောကျနေရသူကို
ရှင်သန်ထမြောက်စေသူရေ...
မင်းမရှိလို့ ခံစားချက်ဝိညာဉ်တွေ ပျက်သုန်း
သေသူတစ်ယောက် အဖြစ် မထားခဲ့ပါနဲ့
မင်းရဲ့အချစ်နဲ့ အသက်သွင်းခဲ့ပါ။


it is not line by line translation. how is it?

No comments:

Post a Comment

Note: Only a member of this blog may post a comment.