Wednesday, March 10, 2010

Why Does Time Flies By As You Get Older


ဟိုတစ္ေန့က Slashdot က post တစ္ခုမွာ ေတြ႕တာေလးပါ။ ကြ်န္ေတာ္တို့ အသက္ျကီးလာရင္ အခ်ိန္ေတြကုန္တာ ျမန္တယ္ ငယ္ငယ္ တုန္းကလိုမဟုတ္ဘဴး လို့ ေျပါျကတယ္ေလ။ တကယ္ပါပဲ။ ကြ်န္ေတာ္ဆို ၁၀တန္းေရာက္တဲ့ထိ ၁၀နွစ္ ေလာက္ကာလဟာ အျကာျကီးရွိခဲ့သလိုပဲ။ အခု အသက္ ၃၀ ဝန္းက်င္မွာ ၁၀နွစ္က ခဏေလး ျဖုတ္ျဖုတ္နဲ့ ကဳန္သြားေရာ။

သူတို့ research ေတြအရ အယူအဆ နွစ္ခ်က္ရွိတယ္တဲ့။

အယူအဆ ၁။ အသက္ျကီးလာရင္ ဦးေနွာက္ထဲက clock speed ကေနွးသြားတယ္။ လူငယ္ေတြကို စိတ္ထဲကေန တစ္မိနစ္ ျပည့္ေလာက္တဲ့အခ်ိန္ မွန္းျပီး ေျပါခိဳင္းေတာ့ စကၠန့္ ၆၀ ပတ္ဝန္းက်င္ေလာက္ မွာ ေျပါျကတယ္။ အသက္၇၀ေလာက္ လဴျကီးေတြက် စကၠန့္ ၉၀ေလာက္ မွာေျပါျကတယ္။

အယူအဆ ၂။ ငယ္ငယ္တုန္းကေတာ့ အရာရာဟာ အသစ္အဆန္း ေတြမို့ ဦးေနွာက္ထဲကို ေရးမွတ္ရတာေတြ အမ်ားျကီးပဲတဲ့။ အဲေတာ့ အမ်ားျကီးေပါ့။ ျကီးလာေတာ့ ေတြ႕ျကံုျပီးသားေတြဆိုရင္ ဦးေနွာက္ထဲကို ထပ္ေရးစရာ မလိုေတာဘူးတဲ့။ (data တူတာေတြစုျပီး compress လုပ္တဲ့ algorithm မ်ိုး ယဴဆျကပံုရတယ္။ :P ) အဲေတာ့ အခ်ိန္ ေတြတိုတယ္လိဳ့ ခံစားရတယ္တဲ့။

ကြ်န္ေတာ့္အျမင္ကေတာ့ ။ ကြ်န္ေတာ္ဆို အသက္ ၂၀ နဲ့ ၃၀ ျကားဆို အေတြ႕အျကံုအသစ္က အရမ္းမ်ားတယ္။ နိုင္ငံျခါးမွာ လူမ်ိုးျခါးေတြ၊ စကားအသစ္ေတြေျပါရ၊ ပညာရပ္ အသစ္ေတြ ေလ့လာရ၊ အခက္အခဲေတြ ျကံုရ ေျဖရွင္းရ။ စံုေနတာပဲ။ ၁၀တန္းမတိုင္ခင္ကဆို ဒီေက်ာင္း ဒီစံနစ္ ဒီလူ ဘာမွ ထူးျခါးတာ မရွိဘူး။ ဒါေပမယ့္လည္း ၁၀တန္းေရာက္တဲ့ထိ ၁၀နွစ္ ေလာက္ကာလဟာ အျကာျကီးရွိခဲ့သလိုပဲ။ ၂၀ နဲ့ ၃၀ ျကားကာလက ျမန္သလိုပဲ။ အဲေတာ့ အယူအဆ ၁ ကပိုျပီး မွန္မွာေပါ့။ မဟဳတ္ဘဴးလား။ What do you think? Let me know your opinion.

အယူအဆ 2 ဆိုရင္ေတာ့ ခရီးေတြဘာေတြ သြားရင္ အျဖစ္အပ်က္ေတြမ်ားေတာ့ ၂ ရက္ျကာတာကို ၃ ရက္ေလာက္ျကာတယ္လို့ ခံစားရတာမ်ိဳး ရွိတတ္ပါတယ္။



Unicode Version


ဟိုတစ်နေ့က Slashdot က post တစ်ခုမှာ တွေ့တာလေးပါ။ ကျွန်တော်တို့ အသက်ကြီးလာရင် အချိန်တွေကုန်တာ မြန်တယ် ငယ်ငယ် တုန်းကလိုမဟုတ်ဘူး လို့ ပြောကြတယ်လေ။ တကယ်ပါပဲ။ ကျွန်တော်ဆို ၁၀တန်းရောက်တဲ့ထိ ၁၀နှစ် လောက်ကာလဟာ အကြာကြီးရှိခဲ့သလိုပဲ။ အခု အသက် ၃၀ ဝန်းကျင်မှာ ၁၀နှစ်က ခဏလေး ဖြုတ်ဖြုတ်နဲ့ ကုန်သွားရော။

သူတို့ research တွေအရ အယူအဆ နှစ်ချက်ရှိတယ်တဲ့။

အယူအဆ ၁။ အသက်ကြီးလာရင် ဦးနှောက်ထဲက clock speed ကနှေးသွားတယ်။ လူငယ်တွေကို စိတ်ထဲကနေ တစ်မိနစ် ပြည့်လောက်တဲ့အချိန် မှန်းပြီး ပြောခိုင်းတော့ စက္ကန့် ၆၀ ပတ်ဝန်းကျင်လောက် မှာ ပြောကြတယ်။ အသက်၇၀လောက် လူကြီးတွေကျ စက္ကန့် ၉၀လောက် မှာပြောကြတယ်။

အယူအဆ ၂။ ငယ်ငယ်တုန်းကတော့ အရာရာဟာ အသစ်အဆန်း တွေမို့ ဦးနှောက်ထဲကို ရေးမှတ်ရတာတွေ အများကြီးပဲတဲ့။ အဲတော့ အများကြီးပေါ့။ ကြီးလာတော့ တွေ့ကြုံပြီးသားတွေဆိုရင် ဦးနှောက်ထဲကို ထပ်ရေးစရာ မလိုတောဘူးတဲ့။ (data တူတာတွေစုပြီး compress လုပ်တဲ့ algorithm မျိုး ယူဆကြပုံရတယ်။ :P ) အဲတော့ အချိန် တွေတိုတယ်လို့ ခံစားရတယ်တဲ့။

ကျွန်တော့်အမြင်ကတော့ ကျွန်တော်ဆို အသက် ၂၀ နဲ့ ၃၀ ကြားဆို အတွေ့အကြုံအသစ်က အရမ်းများတယ်။ နိုင်ငံခြားမှာ လူမျိုးခြားတွေ၊ စကားအသစ်တွေပြောရ၊ ပညာရပ် အသစ်တွေ လေ့လာရ၊ အခက်အခဲတွေ ကြုံရ ဖြေရှင်းရ။ စုံနေတာပဲ။ ၁၀တန်းမတိုင်ခင်ကဆို ဒီကျောင်း ဒီစံနစ် ဒီလူ ဘာမှ ထူးခြားတာ မရှိဘူး။ ဒါပေမယ့်လည်း ၁၀တန်းရောက်တဲ့ထိ ၁၀နှစ် လောက်ကာလဟာ အကြာကြီးရှိခဲ့သလိုပဲ။ ၂၀ နဲ့ ၃၀ ကြားကာလက မြန်သလိုပဲ။ အဲတော့ အယူအဆ ၁ ကပိုပြီး မှန်မှာပေါ့။ မဟုတ်ဘူးလား။ What do you think? Let me know your opinion.

အယူအဆ 2 ဆိုရင်တော့ ခရီးတွေဘာတွေ သွားရင် အဖြစ်အပျက်တွေများတော့ ၂ ရက်ကြာတာကို ၃ ရက်လောက်ကြာတယ်လို့ ခံစားရတာမျိုး ရှိတတ်ပါတယ်။




No comments:

Post a Comment

Note: Only a member of this blog may post a comment.