Please scroll down to read in zawgyi-one font. ကျွန်တော့် အမြင်လေးတွေ ခပ်တိုတိုပဲ ပြောမလို့ပါ။
မေလ ၂၄ မနက် ၈နာရီလောက်မှာ ရန်ကုန် မင်္ဂလာဈေး မီးလောင်တယ်။ နောက်တစ်ရက် ညနေ ၅နာရီလောက်မှ အပြီးအပြတ် မီးငြိမ်းတယ်။
လောင်တဲ့နားတော့ ကိုယ်တိုင် မရောက်ဖြစ်ပါဘူး။ အိမ်ကနေတော့ မီးခိုးလုံးကြီးတွေ ကြည့်ပြီး မီးအတက် အကျကို သိနေရတယ်။ နောက် weekly eleven website သတင်း update တွေနဲ့ အဲ့ဒီက comment တွေအရ အခြေအနေမှန်ကို သိနေရတယ်။ အစောပိုင်း ပုံတွေနဲ့ comment တွေအရ မီးသတ် အင်အား နဲတယ်။
Image source: www.irrawaddy.org
ညနေမှ ပဲခူးကလာတဲ့ ကားတွေအပါအဝင် မီးသတ်ကား အင်အား ၆၅စီး လောက်နဲ့ ငြှိမ်းတယ် ဆိုပါတယ်။ နောက်ကျသွားပြီလေ။ ညနေမီးက ကျွန်တော်တို့အိမ် အဝေးကြီးကတောင် မီးတောက်တွေ မြင်နေရတယ်။ မနက်က မီးသတ် အင်အား နဲပေမယ့် နေ့လည် ၂ နာရီလောက်မှာ မိုးရွာလို့ (မိုးရွာလို့) မီးညွန့် ကြိုးသွား ပြီးမှ ညနေ ၅နာရီမှာ ပြန်လောင်တာလေ။ မနက်က စလောင်တာ ၄ထပ်မှာ၊ ညနေကျတော့ ခေါင်မိုးပေါ် တက်လောင်တာ။ gasအိုးတွေ ပေါက်တော့ မီးအရမ်းပြင်းလာတယ်တဲ့။
Image source: http://www.news-eleven.com/
ည ၁၁နာရီလောက် (ထင်တယ်) မိုးသဲသဲမဲမဲ ရွာတယ်။ အဲ့ဒီနောက်မှ မီးရှိန် ကျသွားလေရဲ့။ ဒီအရှိန် ကျသွားတဲ့ မီးဟာ နောက်တစ်ရက်ညနေ (၂၅ရက်) ၅နာရီ လောက်မှာ မိုးသဲကြီးမဲကြီး ရွာမှပဲ ပွဲသိမ်းတယ်။
အစက ပြန်ကြည့်ရရင်. . .
ဒီလောက် ဈေးအကြီးကြီးမှာ မီးသတ်ပိုက်တွေ ထောင့်တိုင်းမှာ တပ်တားတဲ့ စနစ် မရှိဘူး။ (ခေါင်မိုးက ရေပန်းထွက်တဲ့ မီးသတ်စနစ် မပြောပါနဲ့အုံး။)
ဆိုင်တိုင်းမှာ မီးသတ်ဘူး ထားရင်တောင် လောင်လောင်ချင်း အားလုံး ဝိုင်းဖျန်းလိုက်လို့ရတယ်။ အားလုံးက တာဝန်သိဖို့လည်း လိုတယ်။
မီးသတ်ကား ရောက်လာတော့ ချက်ချင်း မငြှိမ်းသေးဘူးဆိုပဲ။ အမိန့်စောင့်နေလို့တဲ့။ ( ဒါမျိုး အမိန့်စောင့်ရတာ မီးလောင်တိုင်း ကြားရဖန် များလှပြီ။ ဘယ်တော့မှ policy ပြောင်းမှာလဲ။)
မိးသတ်မှာ လှေကားရှည်ကြီးနဲ့ ကားက ၃စီးပဲ ရှိတယ်တဲ့။ ဒါတောင် ကိုရီးယားက လှူထားလို့ ရှိတာ။
ကန်တော်ကြီး နီးရက်နဲ့ ဘာလို့ ရေပြတ်ပြတ်သွားရသေးတာလဲ။
Image source: http://www.niknayman-niknayman.co.cc/
The news article of Mingalar Market fire from 7days Journel issued on 26 May 2010. Images are rotated by photo hosting automatically. Please help yourself with it. :(
Page 1
Page2
နောက် topicက ထက်ထက်မိုးဦး နဲ့ သတင်းထောက် မအေးသူစံ ။
လူတွေက သတင်းထောက်က ဒါမျိုးတွေ မေးရသလားတဲ့၊ ရိုက်ချင်စရာပဲတဲ့၊ မင်းသမီးဘက်က နေကြတယ်။ ကျွန်တော့် အမကတောင် "ဟယ်. . . သနားပါတယ်။ ပြောကြလွန်းလို့ သူလည်း ပေါက်ကွဲသွားမှာပေါ့" တဲ့။
ဒါမင်းသမီးကို ဗျူးတာပါ။ စာပေ အင်တာဗျူး မဟုတ်ဘူး။ မင်းသမီးကို ဗျူးတာမှာ ဒီလို personal မေးခွန်းတွေက ထုံးစံပါပဲ။ မေးတဲ့သူရော မေးခွန်းရော မမှားဘူး။ တကယ်ဆို ဒါ သူ့အတွက် အခွင့် အရေးပဲ။ သူနဲ့ပါတ်သတ်တဲ့ ကောလာဟလတွေကို ရှင်းဖို အခွင့်ရစေတဲ့ မေးခွန်းတွေ။ ထားပါတော့ မဖြေချင် မဖြေဘူး ပြောလိုက် ရပါတယ်။
ကဲနောက်ဆုံး "နင်သွားလိုက်တော့" ဆိုပြီး မောင်းထုပ်လိုက်တယ်။ တော်ရောပေါ့။ ဆံပင်ဆွဲ ပါးရိုက် လည်ပင်းညှစ်တာ တော့ လွန်တာမဟုတ်ဘူးလား။ "သတင်းထောက်တွေရဲ့ နှစ်ပဲ တပြား လစာကို သနားလို့ ဖြေပေးနေတာ" ဆိုတာမျိုးပြောတာကလည်း စော်ကားလွန်းတဲ့စကားပါ။
ကဲ . . .တော်ပြီ။ ဒါဘဲ။ ။ :)
http://moemaka.blogspot.com/2010/05/htet-htet-tries-to-attack-7day.html
.......::::::Zawgyi-one version::::::::......
အစက ပြန်ကြည့်ရရင်. . .
Image source: http://www.niknayman-niknayman.co.cc/2010/05/blog-post_1294.html
ကဲ . . .တော်ပြီ။ ဒါဘဲ။ ။ :)
No comments:
Post a Comment
Note: Only a member of this blog may post a comment.