Saturday, July 24, 2010

Against the Army (II) Uni


I love my uniform, but...


I feel shameful to wear that uniform in front of civilians.


There is no honor for me to be a soldier in Burma.


(Major Sai Thein Win)


ဒါကတော့ ဗိုလ်မှူး စိုင်းသိန်းဝင်း ပြောသွားတဲ့ စကားပါ။ အမှန်တရားကို နားလည်တဲ့ ဘယ်စစ်သားမဆို ဒီလိုပဲ ခံစားကြရမှာပါ။ ဒီစစ်ခေါင်းဆောင်တွေရဲ့ တစ်ကယ့်ရုပ်သွင် အမှန်ကို မြင်တဲ့ စစ်သားဆိုတာနဲတယ်။ ဝါဒမှိုင်း တိုက်ခံထားရတာ ကြောင့်လို့ ထင်ပါတယ်။ တစ်ချို့blog တွေမှာ comment ဝင်ရေးသွားတဲ့ စစ်သား/ဗိုလ်တွေဆိုရင် သူတို့ဟာ တိုင်းပြည်အတွက် ဘယ်လို အသက်ပေးကြကြောင်း တွေ ရေးကြတယ်။ တကယ်ဆို ဒီတိုက်စရာမလိုတဲ့ ပြည်တွင်းစစ်မီးကို ဘယ်သူ မွှေးထားတာလဲ ဆိုတာ မမြင်နိုင်ကြဘူး။ ဘယ်သူ့အတွက် စစ်သားတွေ အသက်ပေးနေရတာလဲ ဆိုတဲ့ အမှန်တရားကို မမြင်နိုင်ကြဘူး။ သူတို့ဟာ ပြည်သူလူထုအတွက် ရပ်တည်ရမဲ့အစား စစ်ခေါင်းဆောင်တွေ အလိုကျ ပြည်သူလူထုကို ဖိနှိပ်နေရတဲ့ အလုပ်ကို လုပ်နေတယ် ဆိုတာ သဘောမပေါက်ကြဘူး။ ဒါကတစ်ပိုင်း။ တစ်ချို့စစ်သားတွေကတော့ သေနပ်ကို လက်ကကိုင်ပြီး နယ်စပ်မှာ တိုင်းရင်းသူတွေကို မုဒိန်းကျင့်ခွင့် ရထားတဲ့ အခွင့်အရေးမျိုးတွေ ကြောင့် သူတို့ရဲ့ ခေါင်းဆောင်တွေကို ကြိုက်တာမျိုး။ စစ်တပ်မှာရာထူး မြင့်လေလေ သူ့နေရာနဲ့သူ နိုင်ငံ့ငွေကြေးတွေ ကအစ၊ လာဘ်ယူတာ အလယ်။ ကိုယ်ပိုင် (သားသမီးတွေပိုင်) စီးပွားရေး လုပ်ပိုင်ခွင့်တွေ အဆုံး အကြိုးကျေးဇူးတွေကြောင့် သူတို့ရဲ့ ခေါင်းဆောင်တွေကို ကြိုက်တာမျိုး။ အဲဒါကတစ်ပိုင်း။ အဲလိုအကြောင်းတွေကြောင့် စစ်အစိုးရရဲ့ သရုပ်အမှန်ကို စစ်သားအများစုက မမြင်ကြပါဘူး။


ကဲပါ အရင် post က ပြောလက်စ နဲ့ဆိုင်တာကို ဆက်ပြော လိုက်အုံးမယ်။


ဗိုလ်မှူး စိုင်းသိန်းဝင်း ယူလာတဲ့ အထောက်အထားတွေ ကြည့်ပြီးတော့ သူတို့ဟာသူတို့ nuclear ပိုင်ချင်တာ အရေးမကြီးဘူး၊ နိုင်ငံ့ပိုက်ဆံတွေ ဖြုန်းပစ်ပြီး နိုင်ငံကို စုတ်ပြတ်သတ်နေအောင် ထားတာတွေ အကြောင်းပဲ တွေးမိတယ်။ မြေအောက် လှိုင်ခေါင်း တူးတာနဲ့တင် ဒေါ်လာ 3.5 billion ($ 3.5 x 109) သုံးတယ် ဆိုတာ တစ်ကယ့်ကို ကြောက်ခမန်းလိလိ ငွေကြေးပဲ။ မြိုင် က missile machinery ကို ဆောက်တာက ဒေါ်လာ 18 million ($ 18 x 106)။ နောက်ထပ် ကြပ်ပြေးနေပြည်တော် ဆောက်တာက ဘယ်လောက်၊ ဥပ္ပါတသန္တိ စေတီကြီးဆောက်တာ ဘယ်လောက်၊ ။ ရုရှက၊ တရုပ်က၊ မြောက်ကိုရီးယားက တစွပ်စွပ် ဝယ်နေတဲ့ စစ်လက်နက်တွေက ဘယ်လောက်။ တိုက်လေယာဉ်တွေ . . . နောက်ထပ် နောက်ထပ် စစ်အသုံးစရိတ်တွေ ဘယ်လောက် သုံးဖြုံးပစ်နေတယ်ဆိုတာ မတွေးဝံ့စရာပဲ။


ဟိုတစ်နေ့က မတွေ့ဖြစ်တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်တယ်။ ဘာတွေလုပ်နေလဲ မေးလိုက်တော့.. တစ်ယောက်က တေဇရဲ့ company မှာ၊ တစ်ယောက်က max ဇော်ဇော် ရဲ့ company မှာ၊ .. တစ်ယောက်က လယ်ယာစိုက်ပျိုးဝန်ကြီး ရဲ့ company မှာ၊ သူ့ဟာနဲ့သူ အလုပ်တွေရနေကြတယ်။ ဒီလို ရုပ်တရက် လူနည်းနည်းကို statistic ကြည့်လိုက်ရင်တောင် စီးပွားရေး ပိုင်ဆိုင်မှုမှာ နအဖက ၁၀ဝ%လောက် ဖြစ်နေပြီ။ အရင် post မှာပြောခဲ့သလိုပါပဲ အကြီးစား စီးပွားရေး အားလုံးဟာ သူတို့ လက်ထဲမှာပါပဲ။ တချို့က ထင်တာက နအဖသည် အာဏာလွှဲပေးလိုက်ရင် သူတို့ မတရား ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု များစွာအတွက် ပြန်အရေးယူခံရမှာ ကြောက်လို့ လို့ အာဏာလွှဲမပေးတာလို့ ထင်ကြတယ်။ တစ်ကယ်က နိုင်ငံရဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်ဖို့ နိုင်ငံ့ အာဏာကိုသိမ်းပိုက်ထားတာပါပဲ။ စပြီး အာဏာသိမ်းကတည်းကလည်း အာဏာလွှဲပေးဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။ ထွန်းကြည်တို့ ရှိတုန်းကဆို အဲ့ဒါကို ပွင့်ပွင့်လင်းလင်း ရာဇသံပေးသွားတာ။


ပြောရတာ ဟိုရောက် ဒီရောက်တော့ ဖြစ်နေပြီ။ အဲတော့ နိုင်ငံက ဘာလို့ ဆင်းရဲနေလဲ။ ဘာလို့ စုတ်ပြတ်သတ်နေလဲ ဆိုတာ ရှင်းနေတယ်။ ပြီးတော့ ကြီးကြီးကြယ်ကြယ် TV မှာ သူတို့က လမ်းတွေ ဆောက်တယ်။ တံတားတွေဆောက်တယ်၊ ဘာညာနဲ့ မင်းသမီးတွေကို သီချင်းဆိုခိုင်းတယ်။ ဘယ်မှာလဲလမ်း။ ရန်ကုန်လို မြို့ကြီးမှာတောင် လမ်းတွေက စုတ်ပြတ်နေတာ။ ကားမောင်းရင် traffic ကိုပဲ သတိထားမောင်းလို့မရဘူး။ အောက်ကလမ်းကို ကြည့်မောင်းနေရတယ်။ သတိလွတ်သွားလို့ကတော့ ဒိန်းခနဲပဲ။ အချိန်မရွေး ချိုင့်ထဲ အကျပဲ။ ပြီးတော့ ဒီလိုခေတ်မှာ ရန်ကုန်ရဲ့ traffic ပိတ်ဆို့မှုက အရမ်းဆိုးနေပြီ။ ဘာမြေအောက်ရထားမှ မရှိသေးဘူး။ တံတားတွေဆောက်တယ်ဆိုတယ် ဟိုတလောက ချောင်းသာသွားတော့ တံတားတစ်ခုက ပြိုခါနီးနေပြီ။ လူတွေက ကားပေါ်ကဆင်းပြီး လူသပ်သပ် ကားသပ်သပ် ကူးရတယ်။ အဲ့လို တံတားတွေ အများကြီး။ ဆည်တွေဆောက်တယ်ဆိုတာ ရှိသေးတယ်။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးတာကလွဲပြီး ဘာလျှပ်စစ်မီးမှ ဟုတ်တိပတ်တိ မရဘူး။ နွေကျရေခန်းတယ်။ မိုးကျ ရေများလို့ ဆည်ဖွင့်လိုက်တယ်ဆို တောင်သူတွေမှာ ရေကြီးပြီ။ ဥပမာတစ်ခု ပြောရရင် အညာက အမျိုးတွေရှိတဲ့ မြို့လေးမှာ ဘေးကမြစ်ကိုပိတ်ပြီး ဆည်အသေးတစ်ခု လုပ်လိုက်တယ်။ အနားကရွာကလယ်တွေ ရေပေးဖို့တဲ့။ ဆည်လည်းပြီးသွာရော ရေက အဲ့ဒီရွာတွေဖက်မသွားဘူး။ ရွာတွေက ကုန်းမြင့်ပိုင်းမှာ ရှိနေတာကိုး။ အဲတော့ ဒီမြို့လေးမှာ မြစ်နားက ရပ်ကွပ်တွေ ဖယ်ပေးလိုက်ရတာ။ မြစ်လေးရဲ့ သဘာဝပျက်စီးသွားတာ။ အလှပျက်သွားတာ။ မြို့မှာ ခြင်တွေများလာတာ။ စသည် စသည်တွေသာ ပေးဆပ်လိုက်ရတယ်။ ဘာအကျိုးမှ ရှိမလာဘူး။ ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာတော့ ဟိုတစ်ပတ်က ပြောပြီးပြီ။ ပညာရေးဆိုလည်း quantity သာရှိပြီး quality မရှိတာ ဟိုတစ်ပတ် weekly-eleven မှာ စာရင်းဇယားနဲ့ ရေးထားပါတယ်။


ဧရာဝတီသတင်းရဲ့ အဆိုအရ မြန်မာနိုင်ငံရဲ့ ၂၀ဝ၈ ဝင်ငွေဟာ 6.6 billion ($ 6.6 x 109) ရှိတယ်တဲ့။ နောင်ပိုင်းနှစ်တွေမှာ Gas ပိုက်လိုင်းတွေ ပြီးရင် အခုဝင်ငွေရဲ့ နှစ်ဆ ဝင်ငွေရလာမယ်တဲ့။ ဒါပေမယ့် ဝင်ငွေရဲ့ ၄၀%ကနေ ၆၀%လောက်ကို စစ်ရေးမှာ သုံးပြီး ဝ.၄%ကို ကျန်းမာရေးအတွက်သုံးတယ်၊ ဝ.၅%ကို ပညာရေးမှာ သုံးပါတယ်တဲ့။ ။


ကဲပါ နောက်မှဆက်ရေးအုံးမယ်။ ဒီရက်ပိုင်း သတင်းတွေထဲက ဖတ်စရာ link တွေ ပေးထားပါတယ်။



Burma's Military Budget to Increase Significantly

Junta Constructing Tunnel in Magway

♥ Infinity pool@MBS degolar.blogspot.com


၂၀၁၀ လွန် စီးပွားရေး အထောက် အကူ ပြုရန် ပုဂ္ဂလိက ဘဏ်သစ် လေးခု ထပ်မံ ခွင့်ပြု လိုက်ပြီ themyanmarpost.com


Burma Buys 50 Fighter Jets From China irrawaddy.org


Sons of top generals handed fuel-station permits


U Aye Myint talked about Child Soldier - Maung Aung Hlaing Phyoe on Camera moemaka.blogspot.com


junta's cronies receive profits from gold mines in Chindwin river



2008 Regime’s Constitution Question and Future - 3

မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ကောလိပ်နှင့် ဒီဂရီကောလိပ် အရေအတွက် စုစုပေါင်း ၁၅၉ ခု ရှိလာပြီး အာဆီယံ ဒေသတွင်းနိုင်ငံ များတွင် အများဆုံးဖြစ်ကြောင်း သိရ news-eleven.com

တရုတ်မှ လက်နက်ဝယ်ယူရေး ဦးတေဇ ပွဲစားလုပ် mizzimaburmese.com


ဗိုလ်ချုပ်မှူးကြီးသန်းရွှေသား စက်သုံးဆီအရောင်းဆိုင်ဖွင့် mizzimaburmese.com



No comments:

Post a Comment

Note: Only a member of this blog may post a comment.