Wednesday, July 28, 2010

Recent memes

ကျွန်တော့်ရဲ့ meme ကို ခပ်တိုတို စကားလေးတွေ ဘလောဂ့်ဖို့ သုံးပါတယ်။ Twitter ကိုတော့ Google reader share အတွက်လောက်ပဲ သုံးဖြစ်တယ်။


Here are my recent memes...


27, July
ပြည်သူလူထုကို ဒုက္ခပေးတတ်သော ဗျူရိုကရေစီ ဝန်ထမ်း တစ်ဦး၏ အသံများ။ http://kopaw07.blogspot.com/2010/07/blog-post_25.html
27, July 2010

23 Jul
Forwarding the hoax email without careful examination is due to stupidity.
23, July 2010

09 Jul
စွမ်းအားရှင် ဆိုတဲ့ အဖွဲ့ကို ဒီပဲရင်းအရေးအခင်း နောက်ပိုင်းမှ ကြားဖူးတာပဲ။ နောက် သတင်းပေးတွေလည်း ရှိသေးတယ်။ သူတို့ကို "သတင်းနှင့် ပြည်သူ့ဆက်ဆံရေး" ဆိုပြီး ဖွဲ့ထားတာတဲ့။ သူတို့က အစိုးရ၀န်ထမ်းကို မဟုတ်ဘူး။ ဒါပေမယ့် ရဲထက် အာဏာရှိတယ်။ သေနတ်လည်း ကိုင်တယ်။ နိုင်ငံရေးသမားတွေကို စောင့်ကြည့်တယ်။ ဖမ်းဝရမ်း မရှိပဲ ဖမ်းတယ်။ နအဖရဲ့ အထူးအကြမ်းဖက် အဖွဲ့လို့ခေါ်ရမယ်ထင်တယ်။
09, July 2010

07 Jul
လူတိုင်းက ဆင်အညိုရောင်ကြီးကို မြင်လျက်နဲ့ မင်းတြားကြီးက "ဆင်ဖြူပါ" ဆိုတော့ လူအများမှာ "ဖြူပါ၏" ရလေတော့သတည်း။
07, July 2010

06 Jul
"ဖြစ်ရမယ်" ကို "ဖြစ်ကမယ်" ။ "သွားရအောင်" ကို "သွားကအောင်" ပြောတဲ့ လူတွေကို စိတ်ပျက်တယ်။
06, July 2010

29 Jun
ဒါကို ပြောချင်နေတာတော့ နှစ်ပေါင်း များစွာရှိပြီ။ မြို့သစ်တွေတည်တယ်။ ဒီခေတ်ကြီးမှာ ရှေးတုန်းက လမ်းတွေ ကျဉ်းလို့ ဒုက္ခရောက်နေ ရတဲ့ အထဲ၊ အခုမှ မြို့သစ်ကွက်ရိုက်တာ လမ်းကျဉ်းကျဉ်းကလေးတွေနဲ့။
29, June 2010

No comments:

Post a Comment

Note: Only a member of this blog may post a comment.