Saturday, September 22, 2012

Ho Ho D D

အခု blog အသစ်လေးတစ်ခု စမ်းလုပ်ထားတယ်။ ကျနော်က စာရေးတော်တော်ပျင်းတဲ့လူ။
ဒီလက်ရှိ blog ကတော့ ကိုယ်တိုင်ရေး blog ဆိုတော့ တစ်လနေမှ တစ်ခါလောက်ပဲ
ရေးဖြစ်နေတော့တာကိုး။ စာရေးလည်းပျင်းသေးတယ် blog လည်းရေးနေတယ်ဆိုတော့
ဒီနှစ်ချက်က လွဲနေတဲ့သဘောတော့ မဟုတ်ဘူး။ စိတ်ထဲကတော့ တော်တော် ရေးချင်တာ။
ညအိပ်ရင် အိပ်မပျော်သေးသရွေ့ စိတ်ထဲမှာ blog ရေးနေတာပဲ။ ချမရေးဖြစ်ဘူး။
ထားပါတော့။ ဒီblog အသစ်က ဒါနဲ့တော့ မဆိုင်ဘူး။ sharing blog
လို့ခေါ်ရမယ်ထင်တယ်။ အရင်က google reader share ကတော်တော်အဆင်ပြေတယ်။
နောက်ကျတော့ သူတို့ google+ကို အတင်းသုံးစေချင်တာနဲ့ google+ မှာ share
ရမယ်ဆိုတာ လုံးဝကို သုံးမရဘူး။ ကျနော်က ကိုယ်ကိုယ်တိုင် ပြန်ဖတ်ဖို့
ရည်ရွယ်ချက်နဲ့ရော ကိုယ်ကြိုက်တာလေးတွေ share ချင်တဲ့ ရည်ရွယ်ချက်နဲ့ရော
ဆိုတော့ sharing blog လေးတစ်ခု လုပ်လိုက်တယ်။ ကိုယ်ကြိုက်တဲ့ ဖတ်စရာတွေ
collection သဘောပဲ။ ကိုယ်တိုင်ရေး လုံးဝ မပါဘူး။ wordpress.com ကိုလည်း
စမ်းသုံးကြည့်ရင်းနဲ့ပါ။ လိပ်စာက http://htoosannchin.wordpress.com/


အခုblog ကိုလည်း အိမ်ပြောင်းရအုံးမယ်။ ဒီမှာက wordpress version update
မလုပ်နိုင်တာကြာပြီ။ ftp က ကောင်းကောင်းမရလို့ပါ။ ဟိုးတခါကလည်း help admin
ကို ခဏခဏ မက်စိပို့၊ ကိုယ်က မရဘူးပြော၊ သူက ရတယ်ပြော၊
အာပေါက်အောင်ရှင်းပြမှ လက်ခံသွားပြီး ပြင်ပေးတယ်။ wordpress update
မလုပ်တော့ vulnerable ဖြစ်။ attackတွေဝင်နဲ့။ ဒီ အင်တာနတ်ကြီးဟာ တကယ့်ကို
ရန်သူတွေ ဝိုင်းနေတဲ့ အရပ်ကြီးပဲလို့ သိလာတယ်။ အိမ်တွေဆိုတာ နံရံထူထူ
မြင့်မြင့်ကာ။ ဝင်လာချင်တဲ့သူကို သေချာစစ်ဆေးနဲ့ လုပ်ရတဲ့ အခြေအနေ။


ထားပါတော့ topic ပြောင်းရအောင်။ မြန်မာနိုင်ငံ အကြောင်း။ အခုဦးသိန်းစိန်အစိုးရကတော့
သန်းရွှေလို မဟုတ်တော့ဘူး ဆိုပါတော့။ အများပြည်သူကို
ကျေနပ်စေခဲ့တာတွေရှိတယ်။ မြစ်ဆုံproject ကို ရပ်ပေးခဲ့တယ်။ အန်တီစုနဲ့
ဆွေးနွေးခဲ့တယ်။ NLD ရွေးကောက်ပွဲဝင်ဖို့ ဥပဒေတွေ ပြင်ခဲ့တယ်။ media
လွပ်လပ်ခွင့်ကို 80% လောက်ထိ ပေးခဲ့တယ်။ နိုင်ငံရေးအကျဉ်းကျသူတွေ
(အများစု)ကို Jan 13 ရက်မှာလွှတ်ပေးတော့ တနိုင်ငံလုံး ပျော်လိုက်ကြရတာ။
သူတို့ကိုလည်း တော်တော်လေး လွပ်လွပ်လပ်လပ် လှုပ်ရှားခွင့် ပေးတယ်။
ဒါတွေကိုသေချာပြန်ကြည့်ရင် sanction ကြောင့်ဆိုတဲ့ အဖြေပဲ။ ဒီ sanction
ကြောင့်သာ ဒါတွေ ဖြေလျှော့ပေးခဲ့တာ။ အဲတော့ sanction ဆိုတာလည်း ပြည်တွင်း
ပြည်ပ လှုပ်ရှားမှုတွေကြောင့် ဖြစ်လာတာ။ activist တွေ အသေခံ။
ထောင်ကျခံပြီး ဖြစ်လာတာ။ အဲဒါတွေကို လူတွေ မြင်ဖို့လိုတယ်။
ဦးသိန်းစိန်အစိုးရက သန်းရွှေလို တစောက်ကန်းတော့ မဟုတ်ဘူး။  ။



No comments:

Post a Comment

Note: Only a member of this blog may post a comment.