(ဂူးဂဲလ်ရဲ့ Cardboard)
ဂူးဂဲလ်က သူတို့ရဲ့ Google I/O ညီလာခံ အပြီးမှာ Cardboard လို့ အမည်ပေးထားတဲ့ ကတ်ထူဘူးတစ်ခုစီ လက်ဆောင်ပေးပါတယ်။ ဒီကတ်ထူဘူးလေးကို ညွှန်ကြားချက်အတိုင်း ခေါက်ချိုးလိုက်တာနဲ့ Oculus Rift လိုမျိုး ပုံရိပ်ယောင်မြင်ကွင်းစစ် (virtual reality) ကိရိယာပုံစံ ဖြစ်သွားပါတယ်။ နောက်ပြီး အထဲမှာ Android phone တစ်လုံးကို မြင်ကွင်းအတွက် အပေါက်ဖေါက်ပေးထားတဲ့ ရှေ့မှာ ထည့်ထားပြီး စမ်းသပ်ဖို့ ရေးဆွဲထားတဲ့ app ကို သုံးပြီး ပုံရိပ်ယောင်မြင်ကွင်းစစ် ကို စမ်းသပ်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ SOFTWARE developer တွေက virtual reality အတွက် software တွေ ရေးသားနိုင်ဖို့ အလွယ်ဆုံး နဲ့ စျေးအသက်သာဆုံး နည်းလမ်းကို Google I/O ညီလာခံ က ပေးလိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ မတက်ရောက်နိုင်သူတွေလည်း အင်တာနတ်ဝဘ်ဆိုက်မှာ VR Toolkit နဲ့ design files တွေ ရယူနိုင်ပါတယ်။
--- VR Toolkit --- design files
related news --- 2014-03-25 sci-tech news


--------------------------------------------------
(ရှာဖွေရေးသုံး လက်ကိုင် ဓါတ်မှန်စက်)
American Science & Engineering ကုမ္ပဏီက ရဲဝန်ထမ်းတွေ ရှာဖွေရေးလုပ်ရာမှာ သုံးနိုင်မယ့် Mini Z လို့ အမည်ပေးထားတဲ့ လက်ကိုင် ဓါတ်မှန်စက် ကို တီထွင်လိုက်ပါတယ်။ လက်နက်၊ ငွေစက္ကူ၊ မူးယစ်ဆေးဝါး စတာတွေကို စက်မှာ တပ်ဆင်ထားတဲ့ LCD မြင်ကွင်းမှာ ကြည့်ရှူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ အားပျေားတဲ့ X-ray ဖြစ်လို့ ခန္ဓာကိုယ်ကို မဖြတ်သန်းနိုင်တဲ့အတွက် လူသားတွေအဖို့ အန္တရာယ် နည်းပါးပါတယ် ။ နည်းပညာကတော့ လေဆိပ်တွေမှာသုံးတဲ့ scanner ကြီးတွေနဲ့ ဆင်တူပြီး အခုလို လက်ကိုင်စက်ငယ်လေး အဖြစ်ပြုလုပ်နိုင်ဖို့ ခုနှစ်နှစ်ကြာ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
(လမ်းမလျှောက်နိုင်သူတွေအတွက် exoskeleton)
ReWalk လို့ အမည်ပေးထားတဲ့ exoskeleton တစ်မျိုးကို Argo Medical Technologies က ထုတ်လုပ်ထားပြီး ဖြန့်ချီရောင်းချနိုင်ခွင့်ကိုလည်း အမေရိကန် FDAက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ exoskeleton ဆိုတာကတော့ ခန္ဓာကိုယ် ပြင်ပမှာ တပ်ဆင်ရတဲ့ အရိုးအဆစ်သဖွယ် ထောက်ပံ့ပေးတဲ့အပြင် သွားလာလှုပ်ရှား မှုကိုလည်း လုပ်ဆောင်ပေးပါတယ်။ အခု ထုတ်လုပ်လိုက်တဲ့ exoskeleton ကိရိယာကို ထိန်းချုပ်လုပ်ဆောင်ပေးတဲ့ ကွန်ပြူတာ ငယ်ကလေးနဲ့ ဘက်ထရီကိုတော့ သုံးစွဲသူရဲ့ ကျောပိုးအိပ်ထဲမှာ ထည့်ထားပါတယ်။ လမ်းမလျှောက်နိုင်သူတွေအတွက် အားတက်စရာ သတင်း ဖြစ်ပေမယ့်လည်း စျေးနှုံးကတော့ $69 500 ဖြစ်တဲ့အတွက် ဈေးကြီးလွန်းနေပါတယ်။
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
(ကာဗွန်ဒိုင်အောက်ဆိုက်လေ့လာရေးဂြိုဟ်တု)
NASA ရဲ့ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏကို တိုင်းတာဖို့နဲ့ ရာသီဥတု ပြောင်းလဲမှုအပေါ် ကာဗွန်ဒိုင်အောက်ဆိုက် ရဲ့ သက်ရောက်မှုကို လေ့လာဖို့တည်ဆောက် ထားတဲ့ Orbiting Carbon Observatory 2 ဂြိုဟ်တု ကို ဗုဒ္ဓဟူးနေ့က Delta 2 ဒုံးပျံနဲ့ ကယ်လီဖိုးနီးယား Vandenberg Air Force Base ကနေ အောင်မြင်စွာ လွှတ်တင်လိုက်ပါတယ်။ ဒေါ်လာ $465 သန်း တန်ဘိုးရှိတဲ့ ဒီဂြိုဟ်တုကို အင်္ဂါနေ့က လွှတ်တင်ခါနီးမှ အအေးပေးစနစ် ချွတ်ယွင်းမှုကြောင့် တစ်ရက် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ OCO ဂြိုဟ်တု ငါးလုံး လွှတ်တင်နိုင်ဖို့ စီစဉ်ထားပါတယ်။ အခုလွှတ်တင်တာဟာ ဒုတိယ မြောက် ဖြစ်ပါတယ်။

-----------
(ကွန်ပြူတာအတွက် Kinect)
XBox ဂိမ်းစက်နဲ့ တွဲဖက်ကစား တဲ့အခါ လှုပ်ရှားမှုတွေ နဲ့ကစားနိုင်တဲ့ အာရုံခံKinect ကိရိယာကို ကွန်ပြူတာမှာ တွဲဖက် အသုံးပြုဖို့ Microsoft က ရောင်းချမှာဖြစ်ပြီး ပရိုဂရမ်ရေးသူတွေအတွက် software development kit (SDK) ကို ဇူလိုင်လ ၁၅ရက်နေ့မှာ ဖြန့်ချီမှာ ဖြစ်ပါတယ်။ Kinect ကို အသုံးပြုပြီး လက်ဟန်အနေအထားနဲ့ အသုံးပြုနိုင်တဲ့ touchless control အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီလို အသုံးပြုပုံမျိုးကို Monoraty report ရုပ်ရှင်မှာ အနာဂါတ် မှာပေါ်ပေါက်လာမယ့် နည်းပညာတစ်ခုအဖြစ် အသုံးပြုထားတာ တွေ့နိုင်ပါတယ်။

---------------------------------------

(ရာသီဥတု ထိန်းချုပ်ထားတဲ့ မြို့ပြ)
ဒူဘိုင်းမြို့မှာ အပူချိန်ထိန်းညှိထားသည့် မြို့ပြငယ်တစ်ခု တည်ဆောက်မယ်လို့ သိရပါတယ်။ World Expo trade fair in 2020 အတွက် အိမ်ရှင်နိုင်ငံ ဖြစ်နိုင်ဖို့ ကြိုးပမ်းချက်ဖြစ်ပါတယ်။ ဧက ၁၁၀၀ ကျော် ကျယ်ဝန်းတဲ့ ဧရိယာမှာ အဆောက်အအုံများကြားက လမ်းအားလုံးမှာ မှန်လုံအမိုးအကာ ရှိတဲ့ အတွက် လေအေးပေးစနစ် တပ်ဆင်ထားပါတယ်။ ဒီ ပရောဂျက်ကို Mall of the World လို့ အမည်ပေးထားပါတယ်။
-----------------------------------------−
လိပ်သိမ်းထားနိုင်မယ့် TV
LG ကုမ္ပဏီဟာ screen မျက်နှာပြင်ကို လိပ်သိမ်းထားနိုင်မယ့် နည်းပညာ အသစ်တစ်မျိုးကို ပွဲထုပ်ပြသလိုက်ပါတယ်။ ပါးလွှာပြီး အချင်းဝက် ၁.၂ လက်မ အလိပ် အရွယ်အစားထိ လိပ်ထားနိုင်တဲ့အပြင် ဖေါက်ထွင်းမြင်တွေ့နိုင်တဲ့ screen ကို၂၀၁၇ခုနှစ်မှာ ရောင်းချတဲ့အခါ လက်မ ၆၀ အရွယ်အစား ဖြစ်ပြီး 4K အဆင့် အရည်အသွေးနဲ့ ရောင်းချမယ်လို့ ကြေငြာထားပါတယ်။


--------------------------------------

စက်တပ်စကိတ်
rocketskate လို့ အမည်ပေးထားပေမယ့် လျှပ်စစ်မော်တာ လေးလုံးတပ်ဆင်ထားတဲ့ စကိတ် ဖြစ်ပါတယ်။ အမြန်နှုန်း တစ်နာရီ ၁၂မိုင်နှုန်း နဲ့သွားနိုင်ပါတယ်။ မော်ဒယ်လ် ၃မျိုး ထုတ်လုပ်ထားပြီး R-6 ကတော့ ဘက်ထရီ အပြည့် ဖြည့်ထားရင် 45 မိနစ်ကြာ 6 မိုင်ခန့် သွားနိုင်ပြီး R-8 ကတော့ မိနစ်70 သို့မဟုတ်8မိုင် ။ R-10 ကတော့ မိနစ်90 သို့မဟုတ် 10 မိုင် သွားနိုင်ပါတယ်။ R-6 ရဲ့ဈေးနှုံးက $499, R-8 ရဲ့ဈေးနှုံးက $599 R-10 ရဲ့ဈေးနှုံးက$699 အသီးသီး ဖြစ်ပါတယ်။


aa
aa
aa
aa
aa
aa
No comments:
Post a Comment
Note: Only a member of this blog may post a comment.