(ကမ္ဘာ့ဖလား စက်ရုပ် ဘောလုံးပွဲ)
လူတွေကန်တဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲပြီးသွားတော့ စက်ရုပ်တွေကန်မယ့် 2014 RoboCup ဘောလုံးပွဲကို ဘရာဇီးနိုင်ငံ João Pessoa မြို့မှာ ဒီလ ၂၁ ရက်ကနေ ၂၅ ရက်အတွင်းမှာ ကျင်းပနေပြီ ဖြစ်ပါတယ်။ သတ်မှတ်ချက်တွေကတော့ စက်ရုပ်တွေ လူခန္ဓာကိုယ်ပုံစံ ဖြစ်ရမယ်၊ တစ်သင်းမှာ စက်ရုပ် ငါးရုပ်လောက် ပါဝင်ရမယ်။ နောက်ပြီးတော့ စက်ရုပ် အရွယ်အစား အလိုက် အငယ်တန်း။ အလတ်တန်း။ အကြီးတန်း ပွဲစဉ် သုံးမျိုး ခွဲထားပါတယ်။ ဘောလုံးပွဲ ကစားချိန်ကတော့ ၁၀မိနစ် နှစ်ပိုင်း ကစားရမှာပါ။ အခုလို စက်ရုပ်ဘောလုံးပွဲကို ၁၉၉၇ ခုနှစ်ကတည်းက ကျင်းပလာခဲ့တာ ဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် စက်ရုပ်တွေရဲ့ အရည်အသွေး ပိုမိုတိုးတက်အောင် တီထွင်လာနိုင်ကြပါတယ်။ ရည်မှန်းချက်ကတော့ ၂၀၅၀ လူတွေကန်တဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ ပထမအနိုင်ရအသင်းနဲ့ အဲ့ဒီနှစ် စက်ရုပ် ပထမဆုရအသင်း ယှဉ်ပြိုင် သွားနိုင်ဖို့ ဖြစ်ပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−
(LHCထက်ကြီးတဲ့ အမှုန် အရှိန်မြှင့်စက် တရုပ်နိုင်ငံတည်ဆောက်မည်)
တရုပ်နိုင်ငံ Institute of High Energy Physics (IHEP) က သိပ္ပံပညာရှင်တွေဟာ နိုင်ငံတကာ ပညာရှင်တွေနဲ့ ပူးတွဲပြီး CERNရဲ့ LHC (Large Hadron Collider) ထက် ကြီးတဲ့ အမှုန် အရှိန်မြှင့်စက်ကို တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ LHC ရဲ့ အရှိန်ပေးစက် ဥမင်လှုင်ခေါင်း ပါတ်လမ်းက အချင်း ၂၇ကီလိုမီတာ ရှိပါတယ်။ အခု တရုပ်နိုင်ငံမှာ တည်ဆောက်မယ့် အရွယ်က ၅၂ ကီလိုမီတာ ရှိတဲ့အတွက် အီလက်ထရွန်တွေနဲ့ ပိုစစ်ထရွန် တွေကို တိုက်ခိုက်စေပြီး Higgs boson ကို ပိုပြီးတိတိကျကျ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာသန်း ၃၀၀၀ ကုန်ကျဖို့ ခန့်မှန်းထားပါတယ်။ ဒီ အမှုန် အရှိန်ပေးစက်မှာ ပရိုတွန် နဲ့ ပရိုတွန် တိုက်ခိုက်တဲ့ စမ်းသပ်မှုကိုလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

------------------------
Apple ကထုတ်လုပ်မယ့်iTime
အခုလို smart နာရီတွေကို Sony, Samsung, Google, LG, စတဲ့ကုမ္ပဏီ တွေက အပြိုင်အဆိုင် ထုတ်လုပ်ကြချိန်မှာ Apple ကလည်း iWatch လုပ်လုပ်မယ်၊ ဘယ်လိုဒီဇိုင်မျိုး ဖြစ်နိုင်တယ် စသည်ဖြင့် ခန့်မှန်းနေကြချိန်မှာ အမေရိကန် မူပိုင်ခွင့် မှတ်ပုံတင် ရုံးက Apple ကထုတ်လုပ်မယ့်iTime လို့အမည်ပေးထားတဲ့ နာရီပုံစံတစ်ခုကို အတည်ပြုပေးလိုက်ပါတယ်။ နာရီပုံစံကတော့Neptune pine လို လက်ပါတ်ကြိုးကနေ ဖြုတ်လို့ တပ်လို့ရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
(ဖေါက်ခွဲရေးပစ္စည်းတွေကို ရှာဖွေမယ့်ကိရိယာ အသစ်)
ကယ်လီဖိုးနီးယား Berkeley တက္ကသိုလ်က သုတေသီ Xiang Zhang နဲ့ အဖွဲ့ဟာ သာမန် လက်နက်ရှာဖွေရေး ကိရိယာတွေထက် အဆများစွာကောင်းမွန်တဲ့ ဖေါက်ခွဲရေး ဓါတုပစ္စည်းတွေကို အာရုံခံနိုင်တဲ့ ကိရိယာကို စမ်းသပ်တီထွင်နိုင်ခဲ့ပါတယ်။ TNT နဲ့ dinitrotoluene လိုမျိုး နိုက်ထရို ဓါတ်ပေါင်းတွေဟာ အီလက်ထရွန် မပြည့်စုံမှုကြောင်း တည်ငြိမ်မှုမရှိတဲ့ အချက်ကို အခြေပြုပြီး cadmium sulfide− silver− magnesium fluoride တွဲစပ်ထားတဲ့ တပိုင်းလျှပ်ကူး အာရုံခံ အစိတ်အပိုင်းနဲ့ လေဆာ အရုံခံ အစိတ်အပိုင်းတို့ နဲ့ တည်ဆောက်ထားပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
(၂၀၁၂နေမုန်တိုင်းတိုက်ခတ်စဉ်က ကမ္ဘာသီသီလေးလွတ်ခဲ့)
ကမ္ဘာကြီးဟာ ၂၀၁၂ခုနှစ် ဇူလိုင်လ ၂၃ ရက်က ဖြစ်ပေါ်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ အတွင်း အပြင်းထန်ဆုံး နေမုန်တိုင်းကနေသီသီလေးလွတ်ခဲ့တယ်လို့ NASA ကထုတ်ပြန်လိုက်ပါတယ်။ တကယ်လို့များ ကမ္ဘာကို ထိခဲ့မယ်ဆိုရင် X-rays ရောင်ခြည်သင့်ခြင်း၊ ရုပ်တရက် လျှပ်စစ်သံလိုက်လှိုင်း တွန်းအားကြောင့် ရေဒီယိုစနစ်များ ပျက်စီးခြင်း၊ ဆက်သွယ်ရေး ဂြိုဟ်တုများ ပျက်စီးခြင်း၊ GPSစနစ်များ ပျက်စီးခြင်း၊ လျှပ်စစ် ဓါတ်အားပေးစနစ်တွေ ပျက်စီးခြင်းတို့ ဖြစ်နိုင်ပါတယ်။ နေမုန်တိုင်းကို တော့ အမြင်အားဖြင့် ကြည့်မယ်ဆိုရင် ဧရာမ မီးတောက်ကြီး နေကနေ ဖြာထွက်လာတဲ့ ပုံမျိုး မြင်ရနိုင်ပါတယ်။ ဒီအချက်အလက်တွေကို STEREO-A ဂြိုဟ်တုက တိုင်းထွာပေးတဲ့ အချက်အလက်တွေကနေ သုံးသပ်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ပြင်းထန်တဲ့ နေမုန်တိုင်မျိုးကို ၁၈၅၉ စက်တင်ဘာလက ကြုံတွေ့ခဲ့ရပြီး ကြေးနန်းသတင်းပို့ စနစ်တွေပျက်စီးခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ တစ်ပတ်လောက်စောပြီး နေမုန်တိုင်း ဖြစ်ပေါ်ခဲ့မယ်ဆိုရင် ဒေါ်လာ ၂ထရီလီယံလောက် ပျက်စီးဆုံးရှုံးရနိုင်ချေ ရှိပါတယ်။

---------------------------------------
week of 2014-07-12
(ကွန်ပြူတာအတွက် Kinect)
XBox ဂိမ်းစက်နဲ့ တွဲဖက်ကစား တဲ့အခါ လှုပ်ရှားမှုတွေ နဲ့ကစားနိုင်တဲ့ အာရုံခံKinect ကိရိယာကို ကွန်ပြူတာမှာ တွဲဖက် အသုံးပြုဖို့ Microsoft က ရောင်းချမှာဖြစ်ပြီး ပရိုဂရမ်ရေးသူတွေအတွက် software development kit (SDK) ကို ဇူလိုင်လ ၁၅ရက်နေ့မှာ ဖြန့်ချီမှာ ဖြစ်ပါတယ်။ Kinect ကို အသုံးပြုပြီး လက်ဟန်အနေအထားနဲ့ အသုံးပြုနိုင်တဲ့ touchless control အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီလို အသုံးပြုပုံမျိုးကို Monoraty report ရုပ်ရှင်မှာ အနာဂါတ် မှာပေါ်ပေါက်လာမယ့် နည်းပညာတစ်ခုအဖြစ် အသုံးပြုထားတာ တွေ့နိုင်ပါတယ်။


---------------------------------------
(ရာသီဥတု ထိန်းချုပ်ထားတဲ့ မြို့ပြ)
ဒူဘိုင်းမြို့မှာ အပူချိန်ထိန်းညှိထားသည့် မြို့ပြငယ်တစ်ခု တည်ဆောက်မယ်လို့ သိရပါတယ်။ World Expo trade fair in 2020 အတွက် အိမ်ရှင်နိုင်ငံ ဖြစ်နိုင်ဖို့ ကြိုးပမ်းချက်ဖြစ်ပါတယ်။ ဧက ၁၁၀၀ ကျော် ကျယ်ဝန်းတဲ့ ဧရိယာမှာ အဆောက်အအုံများကြားက လမ်းအားလုံးမှာ မှန်လုံအမိုးအကာ ရှိတဲ့ အတွက် လေအေးပေးစနစ် တပ်ဆင်ထားပါတယ်။ ဒီ ပရောဂျက်ကို Mall of the World လို့ အမည်ပေးထားပါတယ်။

-----------------------------------------−
လိပ်သိမ်းထားနိုင်မယ့် TV
LG ကုမ္ပဏီဟာ screen မျက်နှာပြင်ကို လိပ်သိမ်းထားနိုင်မယ့် နည်းပညာ အသစ်တစ်မျိုးကို ပွဲထုပ်ပြသလိုက်ပါတယ်။ ပါးလွှာပြီး အချင်းဝက် ၁.၂ လက်မ အလိပ် အရွယ်အစားထိ လိပ်ထားနိုင်တဲ့အပြင် ဖေါက်ထွင်းမြင်တွေ့နိုင်တဲ့ screen ကို၂၀၁၇ခုနှစ်မှာ ရောင်းချတဲ့အခါ လက်မ ၆၀ အရွယ်အစား ဖြစ်ပြီး 4K အဆင့် အရည်အသွေးနဲ့ ရောင်းချမယ်လို့ ကြေငြာထားပါတယ်။

--------------------------------------
စက်တပ်စကိတ်
Rocketskate လို့ အမည်ပေးထားပေမယ့် လျှပ်စစ်မော်တာ လေးလုံးတပ်ဆင်ထားတဲ့ စကိတ် ဖြစ်ပါတယ်။ အမြန်နှုန်း တစ်နာရီ ၁၂မိုင်နှုန်း နဲ့သွားနိုင်ပါတယ်။ မော်ဒယ်လ် ၃မျိုး ထုတ်လုပ်ထားပြီး R-6 ကတော့ ဘက်ထရီ အပြည့် ဖြည့်ထားရင် 45 မိနစ်ကြာ 6 မိုင်ခန့် သွားနိုင်ပြီး R-8 ကတော့ မိနစ်70 သို့မဟုတ်8မိုင် ။ R-10 ကတော့ မိနစ်90 သို့မဟုတ် 10 မိုင် သွားနိုင်ပါတယ်။ R-6 ရဲ့ဈေးနှုံးက $499, R-8 ရဲ့ဈေးနှုံးက $599 R-10 ရဲ့ဈေးနှုံးက$699 အသီးသီး ဖြစ်ပါတယ်။


No comments:
Post a Comment
Note: Only a member of this blog may post a comment.