Sunday, March 12, 2006

I'm so fragile

အလုပ်ရှုပ် စိတ်ရှုပ် နဲ့ မို့  တစ်ပတ်လုံးလုံး blog မရေးနိုင်ခဲ့ဘူး။ စနေတနင်္ဂနွေမှာ ရေးမယ် လို့ စဉ်းစားထာတာလည်း စနေ တစ်နေကုန် သူငယ်ချင်းတွေနဲ့ ဘာရယ်မဟုတ် အချိန်ကုန်သွားတယ်။ ဒီနေ့တော့ မနက်ကတည်းက အအေးမိပြီး နေမကောင်းနေတာ အခုထိ မသက်သာဘူး။ ကမ္ဘာကြီးက အေးစက်လိုက်တာ။

ကျွန်တော် စိတ်ညစ်ညစ်နဲ့ ခါးသက်ပစ်လိုက်တယ်။ နေ့တွေဟာ အပေါစား ရုပ်ရှင် ကြည့်လိုက်ရသလို အရသာပျက်စွာနဲ့ ပြီးဆုံး သွားကြတယ်။ ညတွေကတော့ ကျွန်တော့် အတွက် gothic ဆန်ဆန် လှတယ်။ ညကျရင် မိုးကောင်းကင် ကလည်း သူ့ ရဲ့ ခန်းစီးလိုက်ကာ တွေကို ဖွင့်ပစ်လိုက်တယ်။ ကျွန်တော်တို့ ကမ္ဘာကြီး အထီးကျန်မဆန် တော့ဘူးပေါ့။ ကျွန်တော့် ခံစားချက်တွေလည်း  မိုးကောင်းကင်ကြီးလို ကြည်လင်သွားချင် ပါပြီ။ ဒါပေမယ့် လူ့ လောကကြီးက အေးစက်လိုက်တာ။  ကျွန်တော်က ကွဲအက်လွယ်သူ။ အငြင်းဝါကျတွေ ပြောလွယ်တဲ့ လူတွေ ကြားထဲမှာ ဆက်အသက် မရှင်ချင် တော့ဘူး။ စိတ်ညစ်ညစ်နဲ့ ဆက်ပြီး ခါးသက်နေလိုက်တယ်။

Technorati Tags:

No comments:

Post a Comment

Note: Only a member of this blog may post a comment.