Sunday, June 04, 2006

Crash

Crash ဆိုတဲ့ ရုပ်ရှင်ကို ဒီနေ့ ကြည့်ဖြစ်လိုက် ပါတယ်။ ဒီကားကို technorati မှာ အကြာကြီး (ဒီနေ့ထိ) တွေ့နေရတာမို့  ဒီကား အကြောင်း တော်တော် blog ကြတယ် ဆိုတဲ့ သဘောပေါ့။
ဒီ ရုပ်ရှင်ကို ကြည့်ပြီးတဲ့အခါမှာ တွေးစရာတွေ အများကြီး ပေးသွားပါတယ်။ အသားအရောင် / လူမျိုးရေး ခွဲခြားမှုနဲ့ပတ်သတ်လို့ အဖြူကရော ကောင်းလား၊ အမည်းကရော ကောင်းလား၊ ဆိုးတဲ့သူက ဘာကြောင့် ဆိုးတာလဲ၊ အနှိမ်ခံရသူဟာ ပတ်ဝန်းကျင်ကို အမြင်မကြည်လင်ပဲ ပိုဆိုးသလား၊  အားလုံးဟာ တစ်ခုနဲ့ တစ်ခု အပြန်အလှန် သက်ရောက်မှု တွေကြောင့်သာ ဖြစ်ပြီး  လူမျိုးရေး အသားအရောင် တွေကို ကြားထဲက ခုတုံးလုပ် တံဆိပ်ကပ် ပစ်မှတ်လို သဘောထားနေ ကြရာက chain reaction ကြီးလို  ဖြစ်နေသလား ဆိုတဲ့ အတွေးမျိုးတွေ ကျန်ခဲ့စေတဲ့ မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပါပဲ။

Starring:       Sandra Bullock, Don Cheadle, Matt Dillon, Jennifer Esposito, William Fichtner
Directed by:     Paul Haggis

screenshot from crash

Links:
http://www.imdb.com/title/tt0375679/
http://movies.yahoo.com/movie/1808631706/info



1 comment:

Note: Only a member of this blog may post a comment.