Tuesday, June 27, 2006

Salai Tin Maung Oo

တစ်ချိန်က ရဲရင့်နီမောင်းတဲ့ ဆလိုင်းတင်မောင်ဦး နဲ့ ခွပ်ဒေါင်းကျောင်းသားတို့ရဲ့ ဦးသန့်ဈာပန ကျောင်းသား အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်း တွေအကြောင်း ကို Burma today မှာ ဖတ်ရှုနိုင်ပါတယ်။
၁၉၇၆ ခု။ ဂျွန်၂၆ ရက်နေ့ (နံနက် ၄ နာရီ) အင်းစိန်ထောင်မှာ စစ်အစိုးရက ဆလိုင်း တင်မောင်ဦးကို လှို့ဝှက်စွာ ကြိုးပေး သတ်ဖြတ်ခဲ့တယ်၊ သမိုင်းမှာ မကြုံစဘူး ကျောင်းသား ခေါင်းဆောင်တစ်ဦးကို အခုလို ကြိုးပေး သတ်ဖြတ်ခဲ့တာဟာ စစ်အာဏာရှင်တို့ရဲ့ အတွေးခေါ်အားဖြင့် နိမ့်ကျလွန်း ချွတ်ခြုံကျလွန်းလှတဲ့ အချက်ကို သက်သေ ပြလိုက်တာဖြစ်ပြီး စစ်အစိုးရအတွက်သမိုင်း အမဲကွက်ကြီး အဖြစ် ကျန်ရစ်ခဲ့တယ်၊ တစ်ဖက်မှာ ရှည်ကြာပြီး မပြီးဆုံးသေးတဲ့ ပြည်သူ့လွတ်မြောက်ရေး အရေးတော်ပုံကြီးအတွက်။ အသက်သွေး။ ချွေးတို့နဲ့ ရေးသား ကဗျည်းထိုးခဲ့တဲ့ ကျောင်းသား အာဇာနည် တစ်ဦး ပေါ်ထွန်းခဲ့တာမို့ နောင် မျိုးဆက်သစ်တွေ အတွက်။ အတုယူစရာ အရေးကြီးတဲ့ သမိုင်းမှတ်တိုင် တခု ဖြစ်ခဲ့ရပါတယ်။
“ရဲဘော်တို့  လူသူမသိအောင် ငါ့ကို သတ်ဖို့  သူတို့ လုပ်နေကြတယ်၊”
“မင်းတို့ ရဲ့  စစ်ဖိနပ်အောက်မှာ ငါ ဘယ်သောအခါမှ ဒူးမထောက်ဘူး၊”
- ဆလိုင်းတင်မောင်ဦး ၏ နောက်ဆုံးစကားများ-


http://burmatoday.net/article2005/060626_salai_tin_mg_oo_1.swf
http://burmatoday.net/article2005/060626_salai_tin_mg_oo_2.swf

1 comment:

Note: Only a member of this blog may post a comment.