Saturday, May 05, 2007

Irreversible dream

Entropy of universe must always increase.
(second law of thermodynamics)
မျက်စိကို စုံမှိတ် ကြည့်လိုက်တော့ ငါ့ခေါင်းထဲမှာ ကိုက်ခဲခြင်းတွေ အပြိုင်းအရိုင်း ပေါက်ရောက်နေလိုက်ထာ။ အခုဆို ကြာရင် တစ်ကိုယ်လုံးကို လွှမ်းသွားမလားလို့တောင် မသိမသာ ကြောက်ရွံ့လာတယ်။ ဒီအချိန်တွေဆို ငါတစ်ယောင်ထဲ စကားတွေ အများကြီး ပြောနေမိတယ်။ ဒါလည်း အထီးကျန် ကလေးဘဝရဲ့ အကျင့်တွေ မပျောက်သေးတာထင်ပါရဲ့။ အဲ့ဒီတုန်းကဆိုရင်လေ အဖြူရောင် ဗျိုင်းတွေ vပုံ wပုံ ပျံသွားတာကို ညနေတိုင်း စောင့်ကြည့်ဖူးတယ်။ ပျော်ရွှင်ခဲ့သလိုလိုပါပဲ။ ငယ်ရွယ်ပြီး ရူးသွပ်မှုတွေလဲ ရှိခဲ့မှာပေါ့။ ဒါတွေကလေ မနေ့လောက်ကပဲ ဖြစ်ပျက်ခဲ့သလိုလိုနဲ့ပါလား။ အခုတော့ မီးလျှံတွေ တဖွဲဖွဲ မိုးကောင်းကင်အောက်မှာ ပျော်ရွှင်ရဲ့လား။ ပျော်ရွှင်ရဲ့လား။ ရှင်သန်ခြင်းကြီးက ငါ့ကို ဆွဲထားတုန်းပဲလား။ နိုးထလို့ မရတဲ့ အိပ်မက်ရှည်ကြီးလိုပေါ့။ နိုးထပါတော့။


2 comments:

  1. ကိုမျိုး ပျောက်ချက်သား ကောင်းနေတယ်
    အဆင်ပြေတယ် မဟုတ်လား...
    ဘလော့ ဒီဇိုင်းလေး အရမ်းမိုက်တယ်...
    အစစ အရာရာ အဆင်ပြေပါစေနော်

    ReplyDelete

Note: Only a member of this blog may post a comment.