Thursday, January 31, 2008

Let's talk about love

ဒီတစ်ခါတော့ ကျွန်တော် အချစ်အကြောင်း ပြောတော့မယ်။ သိတဲ့အတိုင်းပဲ ကျွန်တော့် ခံစားချက်တွေကို ရေးလေ့ရှိပေမယ့် အချစ်အကြောင်း မရေးဖူးဘူး။ (တစ်ခါပဲ အရင်က ရေးခဲ့တဲ့ ကဗျာအဟောင်းလေး တင်ဖူးတယ်။) ဘာလို့ မရေးတာလဲ ဆိုတော့ အချစ် (falling in love) ဆိုတာ နာကျင် ခံစားရတာတွေ၊ လွမ်းဆွတ် ကြေကွဲရတာတွေ နဲ့ပြည့်နေတာလို့ ခံယူထားလို့ပါ။ ဒါ လူတိုင်း ဒီလိုပဲ ကြုံရလိမ့်မယ်လို့တော့ မဆိုလိုပါဘူး။ ရုပ်ရှင်တွေထဲမှာတော့ "I'm in love" ဆိုပြီး ပီတိတွေဖြာနေကြတာ တွေ့နေရတာပဲ။

လွန်ခဲ့တဲ့ 6နှစ်လောက်ကတော့ မိန်းကလေးတစ်ယောင်ကို အရမ်းအရမ်း ချစ်ခဲ့ဖူးတယ်။ ကိုယ်ပြန်ရတာကျတော့ ငြင်းပယ်ခြင်းပဲ။ အဲဒီတုန်ကဆို စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်၊ စာသင်ချိန်လည်းဒီစိတ်၊ နောက်ဆုံး   ရုပ်ရှင်ကြည့်ရင်တောင် သူ့ကြောင့် ပဲ ခံစား နေရတာပါပဲ။ သူ့ကြောင့် အကြိမ်ကြိမ်လည်း ငိုခဲ့ရတယ်။ အဲ့ဒီလိုမျိုးကြီး သုံးနှစ်လောက် ခံစား၊ ဘဝတွေလည်းပျက်၊ နဲ့ ဆိုတော့ "ချစ်ခြင်း" ဆိုတာကို လုံးဝ မခံစားရဲတော့ဘူး။ ကိုယ့်ကိုယ်ကို ပြောင်းလဲပစ်ခဲ့တယ်။ မိန်းကလေး တစ်ယောက်ကို စိတ်ဝင်စားမိရင် ကိုယ်ပဲ စိတ်ညစ် ခံစားရလိမ့်မယ် လို့မြင်မိတယ်။ ကိုယ်ချစ်တဲ့ မိန်းကလေးကို စိတ်ထဲက မေတ္တာထား ဂရုစိုက်တယ်။ ဒီလောက်နဲ့ ကျေနပ်တယ်။ ကိုယ်လျှောက်ရမယ့် လမ်းတွေ အများကြီး ရှိသေးတယ်လေ။

ထားပါတော့။ အချစ်အကြောင်း ရေးမယ်ဆိုပြီး ရေးလိုက်တော့ လုံးဝ romantic မဖြစ်ဘူး။ တစ်ကယ်ပြောတာပါ။ ဒီချစ်တဲ့ စွဲလမ်းတဲ့စိတ် ဆိုတာ အစိတ်အတောက်က ပိုများပါတယ်။ ၁၅၀၀ ဘာညာဆိုပြီး ပြောနေကြတဲ့ ဟာကိုပြောတာနော်။ အဲဒီအချစ်ကြောင့်ပဲ စစ်တွေလည်း ဖြစ်ခဲ့ကြတယ်။ လူတွေ သေခဲ့ကြတယ်။ ပြောရရင် အများကြီးပဲ။

တစ်ကယ် အရေးကြီးတာ ကျွန်တော်တို့ လိုအပ်တာက မေတ္တာ ထားတတ်ဖို့ပါ။ တစ်ဦးကိုတစ်ဦး မေတ္တာနဲ့ ထာဝရ ရင်းရင်းနှီးနှီး ချစ်ခင်သွားလို့ရတာပဲ။ ကျွန်တော်တို့ ကမ္ဘာမြေကြီးလိုအပ်နေတာဟာ မေတ္တာတရားပါ။ အဲ့ဒါပါပဲ။ ဆက်ရေးလေလေ romantic မဖြစ်ပဲ တရားဟောသလိုပါ ဖြစ်သွားတယ်။ ဆက်မရေးတော့ပါဘူး။ တော်ပြီ။ :)

Let's talk about love Let's talk about love

4 comments:

  1. ဘရိုရေ .. လာဖတ်သွားတယ်ဗျ ..။
    ဟို .. ရယ်ချင်လို့တော့ မဟုတ်ပါဘူး ..
    ဒါပေမယ့် .. နဲနဲ ရယ်မိတယ် ..
    ဘရို့ အချစ်အကြောင်းက ဘရိုပြောသလိုပဲ .. ရိုမန်းမတစ်ပဲ တရားဟောသလို ခံစားလာရလို့ဗျာ။
    ဒါပေမယ့် .. အချက်အလက်ကို ချပြပီး အမှန်တရားကို ရေးတာဆိုတော့ ကောင်းပါတယ်ဗျာ။
    အပြန်အလှန် ကြည်ဖြူတဲံ အချစ်သစ် တွေ့ပါစေဗျာ။

    ReplyDelete
  2. မျက်စိလည် ရောက်လာပြီး တရားနာဖြစ်သွားတယ်။

    ReplyDelete
  3. ဒီလိုပြတ်ပြတ်သားသားပြောတာကြိုက်တယ် ဗျိုး
    အားပေးနေတဲ့လူတွေရှိတယ် ဆက်ရေးပါနော်.

    ReplyDelete

Note: Only a member of this blog may post a comment.