Saturday, April 08, 2006

Performance art

မနေ့က ပန်းချီ ပြပွဲတစ်ခု သွားကြည့်ဖြစ်ပါတယ်။  ပန်းချီ တွေရော installation art တွေရော ရေရေလည်လည် ကြွေ ဖို့ ကောင်ပါတယ်၊  ဓါတ်ပုံရိုက် ခဲ့ချင်ပေမယ့် ကျွန်တော့်မှာ digital camera လေး ဘာလေး မပိုင်ဆိုင်လေတော့ blog အတွက် ဘာပုံမှ ယူမလာခဲ့နိုင်ဘူး။  ပြပွဲက လကုန်ထိရှိမှာမို့ သူငယ်ချင်း တစ်ယောက်ယောက် ဆီက camera ငှားလို့ရရင်၊ နောက်ပြီး အချိန်ရရင်တော့ သွားရိုက်ခဲ့ပါဦးမယ်။

ဒီပြပွဲကိုကြည့်ရတော့ လွန်ခဲ့တဲ့ သုံးလေးနှစ်က ကျောင်း club တစ်ခုကလုပ်တဲ့ အနုပညာပြပွဲ တစ်ခုကို သတိရမိပါတယ်။ ခန်းမကျယ်ကြီးထဲမှာ ပန်းချီ၊ ပန်းပု၊ ကဗျာ၊ installation art, performance art အစုံပါပဲ။ အားလုံး ၀ါသနာရှင် ကျောင်းသားတွေရဲ့လက်ရာ ချည်းပါ။ ဒီအထဲမှာ performance art တစ်ခု ကိုတော့  ကျွန်တော် စိတ်အ၀င်စားဆုံးပါပဲ။ ဂတ်ထူ စက္ကူ နဲ့လုပ်ထားတဲ့ ငါးပေ ပတ်လည်လောက် ရှိတဲ့အခန်းလေး၊ အထဲမှာ မီးလုံးတစ်လုံးထွန်းထားပြီး လူတစ်ယောက် ထိုင်နေပါတယ်။ အခန်းမှာဖေါက်ထားတဲ့ (တစ်လက်မ ပတ်လည်လောက်) ချောင်းကြည့်ပေါက် ကလေးကနေ  ကျွန်တော် တို့ကချောင်းကြည့်ရပါတယ်။

အထဲမှာ ကျောင်းသား/သူ တစ်ယောက်ယောက် အလှည့်နဲ့နေကြပါတယ်။ ကျွန်တော် ကလည်း အဲ့ဒါကို စိတ်ဝင်စားတော့ ခဏခဏ သွားကြည့်ဖြစ်နေတာ ပေါ့လေ။ တစ်ခါတစ်ရံ ကုလားထိုင်မှာ အတည်နဲ့ ထိုင်နေတဲ့သူတို့၊  တစ်ခါတစ်ရံ စာအုပ်ဖတ်နေသူတို့၊ ကြမ်းပြင်မှာ ငုတ်တုတ် ထိုင်ရင်း နံရံမှာ ကဗျာတွေ စာတွေ ရေးနေတဲ့ သူတို့ အစုံပါပဲ၊ နှစ်ရက်လောက်နေတော့ နံရံမှာ စာတွေ ပြည့်သွားပါတယ်။

တစ်ခေါက်ကျတော့ ကျွန်တော်လည်း ကြည့်တာ နဲနဲကြာသွားတယ်၊ (နံရံက စာတွေ လိုက်ဖတ်ကြည့် နေလို့ပါ။) အဲ့တော့ ထိုင်နေတဲ့လူက ရုပ်တရက် စာရွက် အပိုင်းလေးမှာ စာမြန်မြန် ရေးပြီး  စာရွက်ခေါက်လေးကို အပေါက် ထဲကနေ ကျွန်တော့်ဆီ ပစ်ချပေးပါတယ်။


စာရွက်ပေါ်မှာ ရေးထားတာက...
နေရာချင်း လဲမလား” တဲ့။



Technorati Tags: ,

5 comments:

  1. It is very creative and heart hitting. Thanks for sharing with us.

    ReplyDelete
  2. What' a nice Performance!! ကျွန်တော် မွန်းကြပ်မှုကို သွားသတိရတယ်။ နေရာချင်း လဲမလားတဲ့.. သဘောကျလိုက်တာ။ ကျေးဇူးပဲ ကိုမျိုးရေ အဆင်ပြေရင် ဓါတ်ပုံလေးတွေပါ တင်ပေးပါဦးလို့။

    ReplyDelete
  3. thank you for the comments brothers. i'm so busy these days. my blog looks like dying. I felt nobody is visiting. :-(

    ReplyDelete
  4. that is a great post! those kinda post gives me sleepless nights. it's 3:59 a.m. now n' i dunno when i'm gonna go back to sleep. u have such creativity n' ur narrative is really publishing perfect.

    ReplyDelete

Note: Only a member of this blog may post a comment.