Saturday, April 22, 2006

tazapyin II

ချစ်ရလွန်းတဲ့ ကြယ်ပွင့်လေးသည်
အလင်းနှစ်ပေါင်းများစွာအဝေးမှာ ဖြစ်သည်၊
ဘာမှမရေရာပါ၊
အရာရာဟာမှုန်ဝါးကွယ်ပျောက်ခြင်းတော့မဖြစ်သင့်ပါ၊
တစ်ဝုန်းဝုန်းရိုက်ခတ်နေသည့် အမှောင်သည်
ကျွန်ုပ်၏ ပြတင်းတံခါးကို ရိုက်ချိုးဝင်လာနေကြပြီ၊
ရက်စက်တတ်တဲ့ မင်းရဲ့နှလုံးသားကို ငါပိုင်တယ် လို့
သွေးရူးသွေးတန်း အော်ပြောလိုက်မိသည်၊

စိတ်ညစ်မှုတွေရဲ့ သိမ်းပိုက်ခြင်းကိုခံလိုက်ရပြီတဲ့၊
လက်နက်ချလိုက်ရပြီတဲ့၊
အရာရာကို ဖျက်ဆီနေကြပြီတဲ့၊
မကြားလိုပါ၊
ဘာမှမကြားလိုပါ၊
ငေးကြည့်နေမိသည်၊
အရာရာပျက်စီးခဲ့ပြီ၊

ကျန်ရစ်တာဆိုလို့ ...
သူမအပေါ်ထားသည့်ချစ်ခြင်းတရားသာဖြစ်သည်၊


i wrote this a long long time ago (July 28, 02) in a galaxy far, far away . for not in mood to write anything, i'm just pasting this here.

Categories / tags:

3 comments:

Note: Only a member of this blog may post a comment.