Wednesday, September 24, 2008

Good news

This morning Burma got a good news. I was very happy to know that our respected journalist  U Win Tin was released. His is still strong and well determined to stand in front of people.
ဆရာကြီးကတော့ ထက်ထက်မြတ်
မြတ်နဲ့ ပြတ်ပြတ်သားသားပါပဲ။


နောက်တစ်ခုကတော့ email နဲ့ရောက်လာလေးတစ်ခု သဘောကျလို့ တင်ပေးလိုက်ပါတယ်။ Hip-Hop သီချင်းလို့ထင်တာပဲ။


မွေးရပ်မြေရဲ့ အကြောင်း (by
ကောင်းကင်ကို)


ကမ္ဘာအနှံ့ က “ရွှေ”…တံဆိပ် လော်စပီကာ တွေ
ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့
ကျွန်တော့်ရဲ့  မွေးရပ်မြေ အကြောင်း နဲ့ 
ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ ။
ဆရာဝန်တွေက ဆေးရောင်း
အင်ဂျင်နီယာတွေက ဈေးရောင်း
တော်သူတွေအကုန် ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ခွင်ရှာနိုင်မှ သူဌေးလောင်း ဖြစ်နိုင်မယ်။
အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။
ညာဥ့်ငှက်မလေး တစ်ယောက်က ဖောက်သည်မျှော်
မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော်တဲ့။
ဈေးသည်မလေးတစ်ယောက်က ဝယ်သူမျှော်
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်
ရှေ့ နောက် မစဉ်းစားမိခဲ့တဲ့ မောင်နှံ
ရှိသမျှ ပစ္စည်းလေးတွေကို ပေါင်နှံ
မွေးလာမယ့် ကလေးကတော့ အချောင်ခံ။
ဂျာနယ်တွေက အတင်းအဖျင်း ရောင်းစား
လူပွဲစားတွေက အချင်းချင်း ရောင်းစား
လူတစ်ချို့ က လမ်းမတွေပေါ်မှာ တောင်းစား
ကလေးငယ် တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒို တစ်စီးက ဗွက်တွေ စင်အောင် မောင်းသွား
ငါတို့ ငိုသံတွေကို
အိမ်နီးချင်း နိုင်ငံတစ်ချို့ က မကြားချင်ယောင်ဆောင်နေကြတယ်။
ဖျာခင်းချင်သူ တစ်ချို့ ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။
မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့ ၊
ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့  လူ့ ပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံး ကြီးကြီးတွေက ကော်ပီ သံစဉ်ပါ။
တစ်ပြည်လုံးလည်း နားညဉ်းနေပြီ… အော်ဂလီ ဆန်ချင်စရာ။
ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့ 
ငါ့ ခြေထောက် တွေကတောင် ငါ့ကို ပြောတယ်။
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်။
အရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်။
ဒီလိုနဲ့ ...
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိပ်မက်တွေလည်း ခေါက်ရိုးကြေ။
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့ သက်တမ်း တစ်ဝက်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း မြည်လာပြီ။
ကျန်တဲ့သက်တမ်း တစ်ဝက်ကို ဆက်လျှောက်လှမ်းဖို့ တောင် အီလာပြီ။
“ဆန်တစ်ပြည်ကို ၁၅၀၀ တောင်” အဲဒါ အဘွားညဉ်းတဲ့ အသံ။
“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့ အရပ် ဖြစ်သွားပြီ” အဲဒါ ခါးသီးတဲ့ အမှန်။
ဒီကြားထဲ…
နာဂစ်က တစ်ချက်မွှေ့ 
ဧရာဝတီက လူတွေခမျာ အသက်စေ့
တစ်ချို့ လူတွေကလည်း အကွက်ရွှေ့ 
အစိုးရ ကုလားထိုင်ကတော့ တစ်ချက်မရွေ့ 
မြန်မာပြည်ကြီးကတော့ ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။
အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့ goကြပေဗျို့ ။
(ကောင်းကင်ကို)

Wednesday, April 16, 2008

Happy New Year

မင်္ဂလာရှိသောနှစ်သစ်ပလိုအရင်ဆုံုးတ်ဆက်ချင်ပါတယ်။ ကျွန်တော်လည်း ဒီနှစ် သင်္ကြန်တောအပြင်မထွက်ဖြစ်ပဲ အိမ်တွင်းပုန်းပဲ လုပ်နေလိုက်တော့တယ်။ အဲတောဓါတ်ပုံလေးဘာလေးလည်း မတင်နိုင်တော့ဘူးကောင်မလေးတေဘယ်လောက်ကဲနေကြလဲ ဆိုတာ မမြင်လိုက်ရတော့ဘူး  သင်္ကြန်လည်တဲ့ကားတေအိမ်ရှေ့က ဖြတ်သွားတာလောက်ပဲမင်ရတာပေါ့လေဒီနှစ် အများအော်ဆိုတဲသီချင်းကလည်း အံ့သြစရာ၊ \"အိုးလေးလှုတ်ပါဟေ့\" တဲ့။ အဲဒါတစ်ကယ့် တရားဝင် ထွက်တဲ့သီချင်းသိလားဘာ hip-hop တွေလည်းမသိဘူးသံစဉ်ကလည်း eminem သီချင်းထင်တာပဲစိတ်ပျက်စရာ

အရင် post မှာ အားပေးစကား ပြောသွားကြတဲမိတ်ဆွေတွေကိုတောအထူးအထူး ကျေးဇူးတင်ပါတယ်။ comment area မှာ reply ပြန်လို့မရလိုမပြန်နိုင်တာကို နားလည်ပေးကြပါအုံးအရေးကျဲတာကတောreasonက အစုံပဲဟိုနေ့က စာရေးဆရာမကြီး လူထုဒေါ်အမာ ဆုံးသွားတာတောင် ၀မ်းနည်းကြောင်း post ရေးပြီးမှ connection ပြဿနာကြောင့် မတင်လိုက်ရဘူးခေတ်ကြီးက မကောင်းဘူးလို့ နှစ်သစ် နုတ်ခွန်းဆက်ရင်း မငြီးချင်ပါဘူးကဲပါ… အကောင်းဆုံးအတွက် နှစ်သစ်မှာ… မြန်မာနိုင်ငံကြီးငိမ်းချမ်းပါစေစစ်အာဏာရှင် ပြိုလဲပါစေလို့ဆုတောင်းလိုက်ပါရစေ

 



Monday, March 31, 2008

How are you?


မရေးတာကြာလို့ ကျွန်တော် သေပြီလားဆိုပြီးတောင် ဘယ်သူမှမမေးကြဘူး။ အားပေးတဲ့သူ အဲ့လောက်များတဲ့ ဘလော့ဂါ။ ပူလိုက်တဲ့ ရန်ကုန်နွေ ငရဲလိုပဲ။ ဒီအပူဒါဏ်နဲ့ ဘာလုပ်လုပ် ပင်ပန်း။ နဂိုထဲက ကျန်းမာရေးက မကောင်းတော့၊ စိတ်ပင်ပန်း လူပင်ပန်းပဲ။ (ညည်းချင်လို့ ရေးလိုက်တာပါ။ ဟုတ်ပါတယ်။) တစ်ခါတစ်ခါ တိတ်တိတ်ဆိတ်ဆိတ် အေးအေးလူလူ တစ်နေရာမှာ တစ်ယောက်တည်း တိတ်တိတ်လေး စကားမပြောပဲ ထိုင်နေချင်တယ်။ ဒီမှာက မီးတွေကပျက်တော့ မီးစက်တွေကဆူ၊ ပူတာရောဆူတာရော။ နိုင်ငံရေးအခြေအနေ ကလည်းမကောင်း။ နအဖကလည်း ပြုတ်မကျသေး။ တွေးလိုက်တိုင်း ရင်လေးတယ်။ ဒေါကန်တယ်။ ဒါတွေပေါ့လေ။ ရေးမှာပါ။ ဆက်ရေးမှာပါ။ ဆက် blogမှာပါ။ :)
အားလုံးပဲ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ကြပါစေ။
with love,
Eccentric Ghost

Friday, February 22, 2008

Myanmar image Gallery

Yesterday, my friend, Yangonthu MoeMoe, sent me a link to gallery of Myanmar called “I dreamt of Burma”. When I open that page, I couldn’t stop saying “Wow” and “wow!” seeing the photos.  All images are awesome and include all types of photos like sceneries, people and so on. All photos are taken by Anna Pagnacco. Anyway, you go and see it for yourself. :)
PS: Thanks MoeMoe for your link.
Mandalay palace



Saturday, February 16, 2008

Lost

Although I had some topics I felt I should write, I was so sick for four days. First of all, on Feb 14, Phado Mahn Sha, secretary-general of the Karen National Union, was assassinated by two men. He died instantly. It was a great loss for KNU, for Karen people and thus for Burma. As for me, I knew him only through radio interviews and learnt he was a good leader of Karen ethnic people. It was really sad news for all democracy activists. How much blood should we have to lose more for freedom?



Tuesday, February 12, 2008

Union day of Burma

Today is the Union day of Burma. If you are interested, you can read The Panglong Agreement here.

The following is poster for this Union day. I like it so much but dunno the link where the original one sits. I found it at kadaung and pyaesonelay blog.

Last year's post: Union Day and Panglong Agreement

2008 union day burma


Monday, February 11, 2008

Highway to hell

The damn SPDC and their business partners were screwed. they got more sanctions. How could they monopolize the whole country's economy.  all the big companies are theirs. All business are under the army owned company what they call myanmar holding. If you want to run a big business here, you gotta partner with them. All rich people here are those of damn SPDC or their business partners. Those business partners screwed the people of burma they suck Burma until dry and they share all those wealth with army dogs. Look at soe win, he is having fun in hell now. He orchestrated the massacre at depaeyin.   ooohhhhh... those dogs. Than shwe and mg aye and all of you with army uniforms and ur partners . you will go to hell like Ne Win did. Ohhh come on am i so rude today.

Bad_Guy1TayZa.pdf  ()


Thursday, January 31, 2008

Let's talk about love

ဒီတစ်ခါတော့ ကျွန်တော် အချစ်အကြောင်း ပြောတော့မယ်။ သိတဲ့အတိုင်းပဲ ကျွန်တော့် ခံစားချက်တွေကို ရေးလေ့ရှိပေမယ့် အချစ်အကြောင်း မရေးဖူးဘူး။ (တစ်ခါပဲ အရင်က ရေးခဲ့တဲ့ ကဗျာအဟောင်းလေး တင်ဖူးတယ်။) ဘာလို့ မရေးတာလဲ ဆိုတော့ အချစ် (falling in love) ဆိုတာ နာကျင် ခံစားရတာတွေ၊ လွမ်းဆွတ် ကြေကွဲရတာတွေ နဲ့ပြည့်နေတာလို့ ခံယူထားလို့ပါ။ ဒါ လူတိုင်း ဒီလိုပဲ ကြုံရလိမ့်မယ်လို့တော့ မဆိုလိုပါဘူး။ ရုပ်ရှင်တွေထဲမှာတော့ "I'm in love" ဆိုပြီး ပီတိတွေဖြာနေကြတာ တွေ့နေရတာပဲ။

လွန်ခဲ့တဲ့ 6နှစ်လောက်ကတော့ မိန်းကလေးတစ်ယောင်ကို အရမ်းအရမ်း ချစ်ခဲ့ဖူးတယ်။ ကိုယ်ပြန်ရတာကျတော့ ငြင်းပယ်ခြင်းပဲ။ အဲဒီတုန်ကဆို စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်၊ စာသင်ချိန်လည်းဒီစိတ်၊ နောက်ဆုံး   ရုပ်ရှင်ကြည့်ရင်တောင် သူ့ကြောင့် ပဲ ခံစား နေရတာပါပဲ။ သူ့ကြောင့် အကြိမ်ကြိမ်လည်း ငိုခဲ့ရတယ်။ အဲ့ဒီလိုမျိုးကြီး သုံးနှစ်လောက် ခံစား၊ ဘဝတွေလည်းပျက်၊ နဲ့ ဆိုတော့ "ချစ်ခြင်း" ဆိုတာကို လုံးဝ မခံစားရဲတော့ဘူး။ ကိုယ့်ကိုယ်ကို ပြောင်းလဲပစ်ခဲ့တယ်။ မိန်းကလေး တစ်ယောက်ကို စိတ်ဝင်စားမိရင် ကိုယ်ပဲ စိတ်ညစ် ခံစားရလိမ့်မယ် လို့မြင်မိတယ်။ ကိုယ်ချစ်တဲ့ မိန်းကလေးကို စိတ်ထဲက မေတ္တာထား ဂရုစိုက်တယ်။ ဒီလောက်နဲ့ ကျေနပ်တယ်။ ကိုယ်လျှောက်ရမယ့် လမ်းတွေ အများကြီး ရှိသေးတယ်လေ။

ထားပါတော့။ အချစ်အကြောင်း ရေးမယ်ဆိုပြီး ရေးလိုက်တော့ လုံးဝ romantic မဖြစ်ဘူး။ တစ်ကယ်ပြောတာပါ။ ဒီချစ်တဲ့ စွဲလမ်းတဲ့စိတ် ဆိုတာ အစိတ်အတောက်က ပိုများပါတယ်။ ၁၅၀၀ ဘာညာဆိုပြီး ပြောနေကြတဲ့ ဟာကိုပြောတာနော်။ အဲဒီအချစ်ကြောင့်ပဲ စစ်တွေလည်း ဖြစ်ခဲ့ကြတယ်။ လူတွေ သေခဲ့ကြတယ်။ ပြောရရင် အများကြီးပဲ။

တစ်ကယ် အရေးကြီးတာ ကျွန်တော်တို့ လိုအပ်တာက မေတ္တာ ထားတတ်ဖို့ပါ။ တစ်ဦးကိုတစ်ဦး မေတ္တာနဲ့ ထာဝရ ရင်းရင်းနှီးနှီး ချစ်ခင်သွားလို့ရတာပဲ။ ကျွန်တော်တို့ ကမ္ဘာမြေကြီးလိုအပ်နေတာဟာ မေတ္တာတရားပါ။ အဲ့ဒါပါပဲ။ ဆက်ရေးလေလေ romantic မဖြစ်ပဲ တရားဟောသလိုပါ ဖြစ်သွားတယ်။ ဆက်မရေးတော့ပါဘူး။ တော်ပြီ။ :)

Let's talk about love Let's talk about love

Saturday, January 26, 2008

Remove Restrictions Tool


A colleague of mine asked me for she cannot access “folder option” on her laptop. Yes, of coz, some kind of virus disabled that option. There, I installed my favorite antivirus, Avast, and killed many viruses after boot scan. You know, even though no virus left on that system, you need to repair those control options which virus had disabled. I searched for some easy solution on web and found this little program called RRT.exe. Wow, it’s awesome!!! It checks the system for everything needed to be fixed. And you can select the options to fix instantly. I gave it to some other friends who need it, they were so happy after using it. Folder options, Registery regedit, task manager, hidden files/ filder, run, IE homepage, System files, show desktop, file extension and many many more can be fixed. You can dl it from www.sergiwa.com.
Via raymond
 rrt

Remove Restrictions Tool



Thursday, January 17, 2008

Fever (lang="my")

လူသားဘ၀တွေ မတည်မြဲဘူးတဲ့။ ဒီစကားစုကို ငါအထပ်ထပ် ရေရွတ်နေခဲ့ဖူးတယ်။ အခုလည်း ကြားနေရတယ်၊ ဒီ ခန္ဓာကိုယ် ထဲက သေချင်စိတ်။ ဒါမှမဟုတ် ရှင်သန်ချင်စိတ်။ ဒီနှစ်ခုရဲ့ နယ်စပ်မှာ ဘဝကြီးကပဲ ရောဂါတွေကို ကျွေးမွေးနေမိသလား။ အဖျား ရောဂါရဲ့အဆင့်ခုနှစ်မှာ ကြောက်ရွံ့မှုရဲ့အရသာနဲ့ ငါခါးသက်လှပြီ၊ မိခင် ကမ္ဘာမြေရေ... သင်လည်ပတ်နေသရွေ့ ဒီနာကျင်မှုတွေ အဓွန့်ရှည်နေဦးမှာလား။
ကြမ်းကြုတ်မှု နာကျင်မှုတွေ ငါ့ခန္ဒာကိုယ်က အားအင်တွေကို စုတ်ယူနေသလား။ ငါအမြဲသိပါတယ်၊  ကမ္ဘာမြေရေ ဟောဒီ မြေပြင်ပေါ်မှာ အမှန်တရားပဲ အမြဲထိခိုက်ခံစားရတာ များပြီနော်။ ဒီအသံတွေ... ကြားနေရဆဲပဲ၊ နားထဲမှာ နားထဲမှာ နောက်ပြီး ရယ်သံတွေ၊ ရယ်သံတွေ ရဲ့အလယ်မှာ အထီးကျန်ခြင်းကို ခံစားသိခဲ့ရတယ်။ နောက်ပြီးတော့ သည်းခံမှုကို သိခဲ့ရတယ်။
ပိုးမွှားတွေ ပိုးမွှားတွေ ငါ့ ခေါင်းထဲကို ရောက်လာကြပြီလား ထွက်သွားကြစမ်းပါ။ အသံတွေကျယ်လောင်လာနေပြီ။ ။  မင်းဟာ ငါ့ရဲ့ အမိုးအောက်မှာ ရှိနေသရွေ့ငါ့ကိုလေးစားရမယ် လို့... ငါအာခေါင်ခြစ်ပြီး အော်လိုက်မိတယ်။ (ကြောက်ရွံ့မှုတွေ ရှင်သန်ဆဲလား။) ထွက်သွားကြစမ်းပါ။ မင်းဟာ ငါ့ရဲ့အမိုးအောက်မှာ ရှိနေသရွေ့ငါ့ကိုလေးစားရမယ်။ ဒီည၊ နောက်တစ်ရက်၊ အမှောင်၊ ပြီးတော့ မှောင်မိုက်တဲ့ အိပ်စက်ခြင်းထဲမှာ ငါ့ခန္ဓာကိုယ်ကို ဆွဲယူကြိတ်ခြေနေသလို၊ သွေးလွန်နေတဲ့ သန္ဓေသားလောင်းတွေ၊ ဒါမှမဟုတ် အိပ်မက်ဆိုးရဲ့ ကလေးတစ်ယောက်လို ငါလွင့်မျောနေရင်း သေလွန်သော လူတွေရေ... ငါတို့တစ်လမ်းထဲလျှောက် နေကြရပြီလား။ ရေ...ရေဆာလိုက်တာ၊ ဟောဒီအခါးတွေ၊ ပြီးဆုံးပါတော့၊ မနက်မိုးလင်းတိုင်း အိပ်မက်တွေနဲ့ ငတ်မွတ် နေမိသလား၊ အလကားကွာ၊ သွားသေစမ်းပါ။ မင်းရဲ့စိတ်ကိုချဲ့ထွင်လိုက်စမ်းပါ။ ပြီးတော့ ဘာမှ မခုခံမတိုက်ခိုက်ပဲ အရှုံးပေးလိုက်ရမှာလား။  မင်းတို့တွေဟာ လွတ်လပ်စွာ ပွင့်တဲ့ပန်းကို ပိတ်လှောင် ရိုက်ချိုး သတ်ပစ်ဖို့ကြိုးစားနေတာပဲ၊ ဒေါသတရားက ငါ့ရဲ့ ခန္ဓာကိုယ်ထဲက မော်လီကျူးတွေမှာ ပေါက်ပွားနေပြီ၊။ မေမေရေ... ကျွန်တော့် ခန္ဓာကိုယ်ထဲက ရောဂါပိုးမွှားတွေရဲ့ အသံကို ကြားနေရလား။ အဖျားရှိန်ရဲ့ အနံ့တွေ ရနေလား။ ၊ အားနည်းနေတဲ့သွေးကြောတွေထဲ ဒီအဖျားရောဂါတွေလေ။ တစစ ချုပ်နှောင်ဖမ်းဆီး၊ ငါ့ရင်ခေါင်းထဲမှာ လစ်ဟာနေပြီ်၊ ငါ့ကိုယ်ငါ အရာရာတိုင်းမှာ လိုက်ရှာနေမိတယ်။ ဝါးမြိုတိုက်ခိုက်နေတဲ့ သေခြင်တရားရေ ငါ့ကိုလွှမ်းမိုးနေတဲ့ မကောင်းဆိုးဝါးတွေ ငါကိုမှတ်ထားတယ်။   ဒီသွေးထဲကနေ စုတ်ထုတ်ပစ်ရမယ်။ ohh... ratatouille strychnine ၊ ဟိုးအဝေးက လမ်းကျဉ်းကျဉ်းလေးတွေ။ အိမ်သေးသေးလေးတွေ။ ငါရောက်သွားခဲ့သေးတယ်။ အချစ်လေးရေ... ကောင်းကင်ဘုံရဲ့ ဂီတကိုလည်း ငါကြားခဲ့ရတယ်။ နောက်ဆုံးမှာ မြင့်မြတ်သူတွေသာ အောင်နိုင်ရမယ်။
နောက်ပြီး ကျွန်တော် လူသားအားလုံးရဲ့ ကိုယ်စား ပြောဆိုအပ်ပါတယ်။ ငါတို့ ဘယ်တော့မှ မျှော်လင့်ချက်မမဲ့ရဘူး။ ကျွန်တော် ဘာတွေစတေးခဲ့ရလဲ နာကျင်ခံစားခဲ့ရလဲ သိလား။
ငါ့ကိုကြောက်စမ်းပါ သေခြင်းတရား။ ငါ့ကိုကြောက်စမ်းပါ ။
ငါတို့ရဲ့ အတောင်ပံတွေ ခြောက်သွေ့ပြီး လွတ်မြောက်လုနီးပြီ
ဒါဟာ ငါတို့တောက်ပရမယ့်အချိန်ပဲ
အမှန်တရားဟာ ငါတို့ဘက်ရောက်လာရမယ့် အချိန်ပဲ
မြင့်မြတ်တဲ့ငါတို့ ပြာပုံဘဝက ပြန်ထရမယ့်  အချိန်ပဲ
ဒါဟာ ငါတို့ရဲ့ မြင့်မြတ်တဲ့စစ်ပွဲပဲ
ကယ်တင်ရှင်ရေ...
ငါတို့ ဘယ်တော့မှ မျှော်လင့်ချက်မမဲ့ရဘူး။
အမြဲတမ်း
အမြဲတမ်း
မိခင်ကမ္ဘာမြေ လည်ပတ်နေသမျှ အမှန်တရားအတွက်။ ။


Fever (lang="my")

Tuesday, January 08, 2008

These days...

These days, I’m thinking to solve my difficulties in accessing my blog and blogger.com. I thought what I should do. I heard it is possible to import all archive from my blogger powered blog to Wordpress powered blog with the use of plug-in. I dunno if it really works. I think I should ask my friend, Wordpress sayama, Mayvelous. If the situations are favorable, I will register for a domain name and web hosting.

Since the end of September uprising, I was unable to access Blogger and I have to email my posts to Blogger.com. This only solved for posting only. I cannot manage my posts. For example, in my previous post I sent email forgetting to enter post title. I saw it, stopped the browser and enter the title and pressed the send button again. The result is as you can see. I cannot edit / delete posts. And I cannot edit blog layout design.

And since then, I couldn’t write on any other topics I used to write except Burma political situations. I was busy preparing for a certificate exam. That’s why, I paused writing other topics. I keep on writing Burma topic because I take it as a responsibility of a good citizen of Burma.

But, I will start writing all topics from now on. And I will write in Burmese time by time as usual. I will include language name in post title for all titles will be in English.

By the way, among many websites banned by Burmese ISPs, paypal is one of these websites. But it is strange that it doesn’t say “access denied” message as usual but it return a message “Server Failure: The name server was unable to process this query.” It puzzled me. If they banned access to PayPal, why don’t they show this error for all banned sites. If this is really an error, why PayPal? And accessing to its owner site eBay returns the same error.

By the way, Wikia search is online now. http://alpha.search.wikia.com/

wikia


Thursday, January 03, 2008

Independence Day

Independence Day

Independence Day of Burma? In Burmese, this day is actually called Freedom day (Luut Let Yay လွတ်လပ်ရေး). How shall people of Burma celebrate 60th anniversary of Freedom Day when there is no freedom at all. In history, she regained her independence in 1948 but she lost her freedom in 1962. Ne Win seized the power first and his successors followed the path he led. Will the people of Burma success in this nonviolence movement against dictator? Or, will there be armed revolution? Who knows? But, in the end, the dictator would fall. The future is ours. This is the bloody truth Than Shwe and his followers must accept.
Photo by meaculpa from DeviantArt
Independence Day