Saturday, October 07, 2006

national convention struck by lightning

No comment :D


From DVB news:
ညောင်နှစ်ပင်ညီလာခံကို မိုးကြိုးပစ် ဒီဗွီဘီ ။ ၄ ။ အောက်တိုဘာ ။ ၂၀၀၆ ပြီးခဲ့တဲ့ တနင်္လာနေ့ ညပိုင်းက မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင် ညီလာခံကျင်းပရာ အဆောက်အဦကို မိုးကြိုးပစ်ခဲ့တဲ့အတွက် အဆောက်အဦ အကာအရံတချို့နဲ့ပေါ်လစီ ဆိုင်းဘုတ်တွေ မြေပေါ်ပြုတ်ကျပြီး ပျက်ဆီးသွားကြောင်း သိရပါတယ်၊ ည (၉) နာရီခွဲ လောက်မှာ လေပြင်းတိုက်ပြီး မိုးကြိုးပစ်ခဲ့တဲ့အတွက် ညီလာခံကျင်းပရာ ပြည်ထောင်စု ခန်းမကြီးဘေးမှာ စိုက်ထူထားတဲ့ “လက်တွဲဝန်းရံ အမျိုးသားညီလာခံ၊” ဆိုင်းဘုတ်။ ဗိုလ်ချုပ်သန်းရွှေရဲ့ မိန့်ခွန်းတချို့ကို ကောက်နုတ်ဖော်ပြထားတဲ့ “စစ်မှန်သော မျိုးချစ် စိတ်ရဆကသအားတ်” ဆိုင်းဘုတ်နဲ့ ညောင်နှစ်ပင်စခန်း ဂိတ်ပေါက်ရှေ့က ဆိုင်းဘုတ်တို့ မြေပေါ်ပြုတ်ကျပြီး ပျက်ဆီးသွားကြောင်း မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်၊ ဒါ့အပြင် ညီလာခံကိုယ်စားလှယ်တွေ တည်းခိုလေ့ရှိတဲ့ အိပ်ဆောင်တွေနဲ့ ရုံးအဆောက်အဦ မှန်တံခါးရွက်တွေလဲ ပြိုကျ ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်၊ ညီလာခံပြန်စဖို့ ရက်ပိုင်းသာ လိုတော့ပြီး ကိုယ်စားလှယ်တချို့လဲ ရောက်ရှိနေတာကြောင့် အပျက်အဆီးတွေကို သက်ဆိုင်ရာက အပူတပြင်း ပြင်ဆင်နေကြောင်းလဲ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
Link: http://burmese.dvb.no/textonly/news.php?id=8717

3 comments:

  1. he` he`...kaung pa byar.now 1 commet naw bro.

    ReplyDelete
  2. Is anyone hit? They must be scared and don't want to go back again. haha...

    ReplyDelete
  3. lol
    it's about time.

    ReplyDelete

Note: Only a member of this blog may post a comment.