Saturday, October 07, 2006

Saatim Çalmadan


ဒီနေ့ နိုးစက်သံမမြည်ခင် နိုးလာခဲ့တယ်။
မနေ့က မိုးသက်လေပြင်းလည်း ငြိမ်သက်သွားချိန်  
ရွာသွန်းမိုးတွေ ဆေးကြောပေးခဲ့ နေရာတိုင်းလှပနေချိန်ပေါ့။
အချိန်ဖြုန်းမနေတော့ပဲ ဒီစာကိုစရေးလိုက်တယ်။

ကိုယ်ဟာ တောအုပ်ထဲက သစ်ပင်တစ်ပင်၊
ပင်စည်ပေါ်မှာ ကိုယ့်နာမည်ရေးထွင်း ထားသူပါ။
ကိုယ့်မှာ...
အဖူး အငုံတွေဝေစီ၊ မိုးဦးကို စောင့်မျှော်နေရဆဲပေါ့၊
ကိုယ့်နုတ်ခမ်းပေါ်က မင်းရဲ့ အငွေ့အသက်လေးတွေ ကတော့ ပင်လယ်ကိုပြန်လေပြီ။

ကိုယ်မင်းအတွက် ကဗျာတွေရေးခဲ့တယ်လေ။
ဖတ်မှာလားကွယ့်၊ ပြောပါဦး။
နှလုံးသားထဲက မင်းအတွက် အရာရာကာကွယ်ပြီး ချစ်ခဲ့တယ်လေ။
မင်းဆီကို ကိုယ်လက်ကမ်းပေးရင်
ဖမ်းယူဆုတ်ကိုင်မှာလားကွယ့်၊ ပြောပါဦး။

ရေး/ဆို/သံစဉ် - Şebnem Ferah 


Not: İşte bu şarkıyı bırmancaya çevirdim ben. Umarım çok hata yapmamiştim :P




No comments:

Post a Comment

Note: Only a member of this blog may post a comment.