Monday, June 25, 2007

eeeeeeeeeeeeeeee

ဒီခေတ်မှာ computer / Internet ပေါ်မှာ virtually အလုပ်လုပ်ကြတဲ့ website တွေကို ရှေ့မှာ electronic (e) တပ်ပြီးခေါ်တာတော့ မှန်ပါတယ်။ ဥပမာ- email, e-commerce, e-book, e-card စသည်ဖြင့်ပေါ့လေ။ တစ်ကယ်တမ်းကျ အခုနောက်ပိုင်းမှာ အားလုံးကို e တပ်မခေါ်တော့ပါဘူး။ တစ်ချို့ စကားလုံးတွေမှာ digital, online ဆိုပြီး ရှေ့ကတပ်ပြီး သင့်သလို ခေါ်ပါသေးတယ်။  ဥပမာ - artist တွေ computer ပေါ်မှာ မှာပုံဆွဲတော့ digital art တဲ့။ အပျိုကြီးများ အတွက်ကျ online dating ပေါ့။ :P

အဲ... ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ မရဘူးခင်ဗျ။ လုံးဝကို eမှ e ပါပဲ။ စစ်ဗိုလ်များဆို ပိုဆိုးကြသေးတာ။ ASEAN က e-goverment လုပ်ရမယ်လို့မှာလိုက်ကတည်းက e ကို ပါးစပ်က မချတော့ဘူး။ ဟိုတစ်လောက စစ်တပ်ဝန်ကြီးတစ်ယောက်က ရုပ်ရှင်သမားတွေနဲ့ တွေ့တော့ e-cinema ဆိုတာလုပ်ရင် ကောင်းမယ်ဘာညာ ပြောသတဲ့။ အမှန်က digital cinema ပါနော်။ နောက်တစ်ယောက်က e-educationတဲ့။ online education ပိုဖြစ်သင့်တာ။ နောက် ဒီမှာ e-D-form လို့ခေါ်နေတာလည်း အူကြောင်ကြောင်နဲ့။ online D-form လို့ခေါ်ရင် ပိုမကောင်းပေဘူးလား။ နောက် e-library တဲ့ online library ပိုဖြစ်သင့်တာ။ ဟိုတစ်နေ့ကတော့ မြိုထဲမှာ digital photo ဆိုင်တစ်ခုမှာ ရေးထားတာက e-digital photo တဲ့။ ဒီကလူတွေကတော့ အဲ့သလို၊ လုံးဝကို e မပါရရင် မနေနိုင်တာလေ။ ။ :D


1 comment:

  1. e ပါမှ ကျန်းမာရေးကောင်းတာဆိုလို့ e ပါကြတာ ထင်ပါရဲ့။

    ReplyDelete

Note: Only a member of this blog may post a comment.