ကလေးတစ်ယောက်ရဲ့ နှလုံးသားမျိုးနဲ့ ပဲ့တင်သံမဲ့ လွမ်းဆွတ်၊ အခိုးအငွေ့လို အိပ်မက်ကို ထုဆစ်နေမိခဲ့ခြင်းလား။ ဟုတ်မှာပါပဲ။
ဘယ်လောက်ပဲ တိတ်ဆိပ်တယ်ဆိုဆို ကံကြမ္မာက ခြေသံသဲ့သဲ့ နဲ့ နေဝင်ရီတရောမှာ ကြွချီလာတာ ကြားနေရပြီ။ ကျွန်တော်တို့
အခန်းတံခါးရဲ့ နောက်မှာ ဘယ်လောက်ပဲ ပုန်းပုန်းပါ။ အိပ်ပျော်မိသွားရင် အရှင်လတ်လတ်ဘဝတွေ ဟောသလို ဟောသလို
ပျောက်သွားကြရ၊ ဘယ်ဝိညာဉ်မှ မကြားရလောက်အောင် တိတ်တဆိတ် သူတို့ ယူသွားကြ တယ်။ ဒါမျိုးတွေ တိတ်တဆိတ်
ဖြစ်ပျက်နေတယ်ဆိုတာ ဘယ်သူယုံနိုင်မှာတဲ့လဲ။ ဒါတွေကို ပြောပြကောင်းတာမှ မဟုတ်တာ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.