Monday, July 02, 2007

sIFR Flash font embedding for Myanmar Unicode Zawgyi-one

The following is the another font embedding method like "weft eot" for Burmese font. Unlike eot, this one uses flash. In this tutorial I will show you how to embed zawgyi-one Myanmar Unicode font.

မှတ်မိလား မသိဘူး၊ ကျွန်တော်တို့ Web pageပေါ်က မြန်မာစာကို font install လုပ်မထားတဲ့ စက်တွေမှာပါ မြင်ရအောင် လုပ်ဖို့ အရင်က eot tutorial တစ်ခု ရေးခဲ့ဖူးပါတယ်။ eot ရဲ့ အားနည်းချက်က IE browser တစ်မျိုးတည်းမှာပဲ အလုပ်လုပ်တာပါပဲ။
ဟိုတစ်လောက အခုပြောပြမယ့် sIFR ဆိုတဲ့နည်းကို  ထပ်တွေ့လို့ စမ်းကြည့်ဖြစ်ပါတယ်။ သူကတော့ ဘယ်browser မှာမဆို သုံးလို့ရတာတွေ့တော့ ကျွန်တော် တော်တော် ပျော်သွားတယ်။ နောက် မြန်မာ စာလုံးလေးတွေကလည်း cleartype မသုံးထားရင်တောင် လှနေတာပဲ။ နောက် file size က 26.5KB ပဲရှိတာမို့ eotထက် အများကြီး ပိုသေးပါတယ်။  ထပ်ပြောရရင် ဒါက OS platform တောင် ရွေးမယ့်သဘောမရှိပါဘူး။ နမူနာ page ကို ဒီမှာကြည့်ပါ။

အခုကတော့ font ဘယ်လိုလုပ်သလဲ java script နဲ့ CSS ကို ဒီ font အတွက် ဘယ်လို configure လုပ်သလဲဆိုတာ မရေးတော့ပါဘူး။ အဲ့ဒါကို ဒီမှာ ဖတ်လို့ရပါတယ်။ အဲတော့ ကျွန်တော် လုပ်ပြီးသား font , java script နဲ့ CSS ကို ဘယ်လို implement လုပ်မလဲဆိုတာပဲ ရေးပါမယ်။

ကဲထားပါတော့ နိဒါန်းချီတာများနေပြီ။ အလုပ်စရအောင်။

java script ကို </head> မတိုင်ခင်လေးမှာ ထားပါ။
 <script src="http://dathana.googlepages.com/sifr.js" type="text/javascript"></script>
 <script src="http://dathana.googlepages.com/sifr-config.js" type="text/javascript"></script>

ပြီးရင်...
ဒီစာသားအားလုံးကို ကူးပြီး CSS အပိုင်းမှာ paste လုပ်ပါ။

template အပိုင်းကတော့ ဒါပါပဲ။
ကိုယ်ရေးတဲ့စာကို <p class="sIFR-root"> ဆိုတဲ့ tag ထဲမှာ ရေးပါ။
ဥပမာ...
<p class="sIFR-root">ဘာညာကွိကွ ဘာညာကွိကွ<br /></p>
note: မြန်မာစာရဲ့ line-height ကြောင့်ထင်ပါတယ်၊ အောက်ခြေမှာ ပြတ်နေတတ်တယ်။ ဒါကြောင့် <br /> လေးတွေ ကို အဆုံးမှာလိုသလောက် ထည့်ပေးပါ။   

ပြီးပါပြီ။
hope this helps :)

အင်း... install လုပ်နည်း ပြောပြလိုက်တော့ ခဏလေး၊ ကျွန်တော့်မှာတော့ လုပ်ရင်း ပတ်ချာလည်နေတာက အကြာကြီး။ သူပေးထားတဲ့ tutorial က စုံအောင်ရှင်းမထားဘူး။ ပထမ နောက်ခံ transparent မဟုတ်ပဲ အဖြူခံ ပေါ်မှာ ပေါ်လာတယ်။ ဒီပြဿနာကိုလည်း လိုက်ရှာ လိုက်ရတာ အကြာကြီး။  နောက်တစ်ခုက သူ့ tutorial မှာ headder tag တွေနဲ့ စမ်းပြထားတယ်။ headder ထဲမှာရေးရမှာ CSS နဲ့ စာလုံးချိန်လို့ရပေမယ့် သဘာဝမကျဘူး။ စမ်းရင်းစမ်းရင်း နဲ့မှ p tag နဲ့ရသွားတယ်။  နောက် locally စမ်းတော့ Link တွေနှိပ်ရင် မသွားဘူး။ ရှုပ်နေတာပါပဲ။

အဆိုးဆုံးက PC ပေါ်မှာစမ်းပြီး ရပြီတော့ online တင်ပြီးစမ်းတော့ မရဘူး။ ဟာ... ဒါကမှ ဘယ်လိုမှ အဖြေရှာမရတာ။ ကျွန်တော့် connection ကလည်း နှေးနှေးနဲ့။ နောက်ဆုံး Opera မှာ စမ်းလိုက်တော့ ရတယ်။ ဒါနဲ့ firefox ကို ဘာ add-on မှ မပါပဲ စမ်းလိုက်တယ်။ ရသွားတယ်။ အဲတော့မှ flash block ဆိုတဲ့ add-on ကို သွားသတိရတယ်။ သြော်... ဒီကောင်က zawgyi-one.swf flash file ကို ပိတ်ထားတာကိုး။ အဲဒါပါပဲခင်ဗျာ။ ဒါမသုံးခင်  flash block ရှိရင်အရင်ပိတ်ပါ။
Link:  http://novemberborn.net/sifr3/beta1
PS: ကြိုက်ကြရဲ့လား မသိဘူး။ စက်နဲနဲလေးလို့ ကျွန်တော်တော့ စဉ်းစားနေတုန်းပဲ။


3 comments:

  1. မဆိုးဘူးဗျ။ အော်ပရာမှာ သုံးလို့ရတယ်ဆိုတော့ ကောင်းတာပေါ့။ နို့မို့ဆိုရင် မြန်မာ ၂ ကိုပဲ အားကိုးရမဲ့ ပုံပေါက်နေတယ်လေ။

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်...ဒီပို.စ် အတွက်
း)

    ReplyDelete

Note: Only a member of this blog may post a comment.