Tuesday, July 17, 2007

ရောက်တတ်ရာရာ

ဒီနေ့တော့ ရောက်တတ်ရာရာပဲ ပြောကြတာပေါ့။
blog အသစ်တွေ
မနေ့က blog အသစ်တွေ လိုက်ဖတ်ဖြစ်လိုက်တယ်။  ဖတ်လို့ကောင်းတဲ့ blog အသစ် တွေ အများကြီးပဲ။ နောက် connection ကောင်းမှ အေးအေးဆေးဆေး လိုက်ဖတ်ရအုံးမယ်။ စာရေးဆရာမမေငြိမ်း လို နာမည်ကြီးတောင် blog ရေးလာပြီ။ နောက်ထပ်လည်း မဂ္ဂဇင်း စာရေးဆရာ/မ တွေရော အများကြီးပဲ။ ကျွန်တော်တော့ အဲ့ဒါတွေဖတ်ပြီး သူတို့ရဲ့ရသ post တွေကို အားကျလိုက်တာ။

ရန်ကုန် EPC
အိမ်မှာ အလုပ်လုပ်တဲ့ အဒေါ်ကြီး ပြောပြတာပါ။ သူတို့တောင်ဒဂုံမှာ လမ်းပေါ် ဓါတ်ကြိုးပြတ်ကျလို့ EPC ကိုအကြောင်းကြားတာ နောက်တစ်ရက်မှာ မီးပဲလာဖြတ်တယ်တဲ့။ နောက်တစ်ရက် ပြင်ပေးဖို့ထပ်သွားခေါ်တော့ လမ်းထဲကအိမ်တွေ တစ်အိမ်၂၀၀၀ ပေးပါလို့ တောင်းသတဲ့။ အဲဒီဘက်က ဆင်းရဲသားတွေကိုး မပေးနိုင်တော့ ပြင်မပေးပဲ ပြန်သွားသတဲ့။ နောက်ရက်မှ တစ်အိမ် ၁၀၀၀နဲ့ သွားညှိပြီး ပြင်ရတယ်တဲ့။

Internet မှထိုထိုသတင်းများ
နောက်ပြီး အခုမှပဲ ကိုယ်မသိတာတွေ တော်တော်များသားကလားလို့ သိတယ်။ မိုးဟေကို ဆိုတဲ့ မော်ဒလ်ဂဲရဲ့ ဟို video ကို website တစ်ခုမှာ တင်ထားသတဲ့။ ပြဿနာက မိုးဟေကို ဆိုတာကို ဘယ်သူမှန်းမသိတာ။ အဲဒါနဲ့ moe hay ko ကို googleမှာ ရှာလိုက်တော့ ... အိုးမီဂေါ့!!! ပုံတွေ ပုံတွေ ပုံတွေ!!!!!! အဲ... ဘာပဲဖြစ်ဖြစ် လူမြင်မှသိတော့တယ်။ ကြော်ငြာတွေမှာ တွေ့ဖူးသားပဲ။ သတင်း နည်းပညာခေတ်ကြီးက မရဘူး။ အီရတ်သုံ့ပန်းတွေကို အမေရိကန်စစ်တပ်က နှိပ်စက်တော့လည်း ပေါ်တာပဲ။ mobile phone ကြော်ငြာတစ်ခုကြည့်ဖူးတယ် - လှေခါးမှာ အတွဲနှစ်ယောက် ကဲနေတာကို မြင်တဲ့သူက ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး ပို့လိုက်တာ နောက်ဆုံး ယောင်္ကျားလေးရဲ့ တရားဝင် မိန်းမဆီ ပုံက ချက်ချင်းရောက်သွားရော။ ဘာပဲဖြစ်ဖြစ် ဒီ မြန်မာမော်ဒလ်ဂဲတွေ အဲလောက် သောင်းကျန်းနေတာတော့ အံ့သြတယ်။ ဒါမျိုးဆိုတာ နိုင်ငံခြားက celiberity တွေရဲ့ သတင်းတွေမှာပဲ ကြားဖူးခဲ့တာ။



2 comments:

  1. မီး နည်းနည်း ပြောမယ်နော်။ မီးသိတာက အဲ့ဒီ မော်ဒယ်မမက မသိပဲနဲ့ အရိုက်ခံရတာပါတဲ့။ ရိုက်တဲ့သူက သူ့ရည်းစားဟောင်းတဲ့.. ဖုန်း ပြောနေသလိုလိုနဲ့ ရိုက်တာတဲ့။ အဲ့ဒီ မမက သူ့ကို ဖြတ်လိုက်လို့ မကျေနပ်လို့ လွှင့်တာလို့ ကြားပါတယ်။

    ReplyDelete

Note: Only a member of this blog may post a comment.