Tuesday, July 10, 2007

ကြေကွဲလွယ် သယံဇာတ by MawRuSoe

ကြေကွဲလွယ် သယံဇာတ (မောရူးဆိုး)
၁။(က)
ဒီလိုနဲ့ အမေ့ရဲ့ မွေးကျေးဇူးကို မဆပ်နိုင်တဲ့
သားတစ်ယောက်အဖြစ် ကမ္ဘာထဲမှာ ပူလောင်စွာ
စီးဆင်းခဲ့ပါတယ်...။
(နေမင်းပိုင်စိုး)

1.
ပိုင်ဆိုင်ထားပြီးသား ချင်ခွက်တစ်ခွက် ရှိသည်။ အလို ဆန္ဒနှင့် အညီ ထိုခွက်ထဲသို့ ထည့်သာစွာသော ငွေကြေးပမာဏ ရတတ်သရွေ့ ထည့်ကြည့်လိုက်သည်။ အသံ စိုးစဉ်းမျှ မကြားရ။ ရေ၊ လေ နှင့် မြေကြီးတို့သည် အထိုက်အလျှောက် စီးဆင်းသွားကြလျှက် ရှိသည်။ ထိုအခါ အဘယ်မျှ အရာရောက်ခဲ့သည် ဆိုသည်ကိုလည်း မေးခွန်းများကငံ့ကြည့်လျက် ဘာမှ အရာမရောက်သည်ကို နားမလည်နိုင်အောင် ဖြစ်ကြရသည်။ အရေးအကြောင်းတွေ ရှုံ့တွလာသည်နှင့်အမျှ အချိန်ကာလသည်ပင် ကြီးရင့်၍ နုပျိုဆဲ ဖြစ်နေပြန်သည်မှာ ငြင်းဆိုနိုင်ခြင်း မရှိ အောင်ပင်။ ဘ၀ဆိုသော စာလုံးပေါင်း သတ်ပုံကို ထပ်ကာထပ်ကာ ချရေးကြည့်။ ခပ်ဟဟ နာကြည်းရသည်များ ထပ်ကာထပ်ကာ အချည်းအနှီး ဖြစ်ရလျက် ကုန်ခန်းသွားလျက် ရှိသည်။ ညည့်အလွန်နက်တဲ့ မနက်တိုင်း မနက်တိုင်းမှာ အေးစက်တဲ့ လက်ဘက်ရေ တစ်ခွက်ကို သောက်ရသလိုမျိုး နှင်းစိုရွှဲစွာ ထူထပ်လျက် ရှိပေါ့။



Powered by ScribeFire.



1 comment:

Note: Only a member of this blog may post a comment.