Wednesday, July 18, 2007

Recover some disk space

Windows ကို install လုပ်ပြီးသုံးနေတာ တော်တော် ကြာလာပြီဆိုရင်လေ သတိထားမိကြလား မသိဘူး။ disk space တွေမသုံးပဲ ကုန်နေတာကိုလေ။ ကျွန်တော်ကတော့ ကပ်စီးနဲလို့လားမသိ ငါ့disk spaceတွေ ဘယ်ရောက်ကုန်သလဲလို့ လိုက်လိုက်စစ်တယ်။ disk တစ်ခုလုံးရဲ့used space ကိုကြည့်၊ ရှိသမျှ folderတွေ selectလုပ်ပြီး sizeကိုကြည့်။ ပျောက်နေတဲ့ disk space တွေအများကြီး။

တစ်ကယ်တော့ တရားခံက system restore point ပါ။ သိတယ်မို့လား တစ်ခုခုဖြစ်လို့ system တက်မလာတော့ရင် "last known good configuration" ကိုပြန် restore လုပ်လို့ရတာ။ အဲ့ဒါတွေအတွက် Windows က အခြေအနေကောင်းကောင်း runတဲ့ အခါတိုင်း configurationတွေကို "system volume information" ဆိုတဲ့ folder ထဲမှာ သိမ်းသိမ်းထားတာ။ (သူက system, hidden လေ) တဖြည်းဖြည်းနဲ့ restore pointတွေ များများလာရော။ တစ်နှစ်လောက်ကြာရင် အဲဒါတွေက 1GB - 2GB လောက်ထိ ဖြစ်လာရော။

တစ်ကယ်တော့ နောက်ဆုံး restore point ကလွဲရင် အဟောင်းတွေက သိပ်မလိုပါဘူး။ အဲတော့ ရှင်းပစ်လိုက်။ ဒီလိုလုပ်... disk ပေါ်မှာ right click - properties ခေါ်။ general tab ရဲ့ ညာဘက်အောက်ထောင့်က မှာ disk cleanupကို နှိပ်ပါ။ disk cleanup is calculating ဘာညာဆို ခဏစောင့်ပေါ့။ ပြီးရင်more options tab ရဲ့အောက်ဆုံးမှာ system restoreကို နောက်ဆုံး point ကလွဲရင် အဟောင်းတွေကိုရှင်းတဲ့ ခလုပ်လေးကို နှိပ်ပါ။ ဆုံးရှုံးသွားတဲ့ နေရာတွေ ပြန်ရပြီပေါ့။ :)

နောက်တစ်ခုက hibernation မသုံးရင် power options မှာ ဖြုတ်ထားလို့ရသေးတယ်။ သူက ကိုယ့်မှာရှိတဲ့ RAM size အတိုင်းနေရာယူတယ်။ ကျွန်တော်ကတော့ hibernationကို အမြဲသုံးတော့ မဖြုတ်ပါဘူး။ လုပ်လက်စကို ဒီတိုင်းထားပိတ်လို့ရတာရော၊ အဖွင့်အပိတ် မြန်တာရောကြောင့် မလိုအပ်သရွေ့ shut down မလုပ်ပဲ hibernate ပဲ အမြဲလုပ်တယ်။

disk space နေရာတွေ မပုတ်အောင်လုပ်ကြည့်ပါလား။ Hope this helps.


3 comments:

Note: Only a member of this blog may post a comment.