Tuesday, October 17, 2006

Ko Thet Win Aung

ko thet win aung
ကိုသက်ဝင်းအောင် ထောင်ထဲမှာ ဆုံးသွားပြီတဲ့။ ထောင်ထဲမှာ ကျန်းမာရေး ဆိုးရွားနေတာမို့ Amnesty International လိုနိုင်ငံတကာ အဖွဲ့အစည်းတွေက လွှတ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုနေခဲ့ပေမယ့် လွှတ်မပေးခဲ့ကြဘူး။ အခုတော့ ထောင်ထဲမှာ ဆုံးရှာပြီ။ ဒီနေ့မနက်က ဒီသတင်းကိုကြားတော့ ရင်ထဲမှာတော်တော် ခံစားရတယ်။  ကိုသက်ဝင်းအောင်ဟာ ကျွန်တော် သိကျွမ်း ရင်းနှီးသူ မဟုတ်ပေမယ့် နိုင်ငံ့အတွက် ထောင်ထဲမှာ အသက်ကိုတောင် ပေးဆပ်သွားသူမို့  ကျွန်တော်နဲ့ ဆိုင်ပါတယ်။ ကျွန်တော် ခံစားရသလို ပြည်သူအများစုလည်း ခံစားရမှာပါပဲ။

သန်းရွှေနဲ့ နောက်လိုက်အပေါင်းကတော့ သူတို့ကျူးလွန်ခဲ့တဲ့ ဒီလို အမှုများစွာအတွက် သေရင် အ၀ီစိငရဲကနေ ဘယ်တော့မှ လွတ်မှာမဟုတ်ပါဘူး။  "နောက်လိုက်" ဆိုတဲ့အထဲမှာ ဒီစစ်အာဏာရှင်စနစ် အဓွန့်ရှည်အောင် တစ်ဖက်တစ်လမ်းက ပါဝင်ပတ်သတ်နေတဲ့သူ တွေနဲ့၊ နဲနဲလေးမှ မဆန့်ကျင်ပဲ ပျော်ပျော်ကြီးနေ နေသူအားလုံးပါ ပါတယ်။

ကိုသက်ဝင်းအောင် ကောင်းရာသုဂတိလားမှာပါ။ ကျဆုံးသွားခဲ့တဲ့ ခွပ်ဒေါင်းကျောင်းသားအပေါင်းက ကိုသက်ဝင်းအောင် ကိုကြိုဆိုကြမှာပါ။  ပြည်သူအားလုံးကလည်း  ကိုသက်ဝင်းအောင်ကို ရင်ထဲက ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်ပါဘူး။ 
Links: http://www.aappb.org/release80.html
http://www.amnestycambridge.org.uk/poc.php
http://www.web.amnesty.org/appeals/index/mmr-010100-wwa-eng


5 comments:

  1. I extracted a few words which I like very much and put it on my blog. Hope that would be fine. thanks..:)

    ReplyDelete
  2. ဒီကောင်တွေ မိုက်ရိုင်းချက် က ကမ်းကုန်နေပြီဗျာ။ ကျွန်တော်လည်း ခင်ဗျားလိုပါဘဲ လူချင်းမသိပေမယ့် တော်တော်ခံစားရတယ်ဗျာ။

    ReplyDelete
  3. i know, it's sad huh, i wrote a poem about him ... they have too much blood on their hands

    ReplyDelete
  4. သူ့အမေကို ပိုသနားပါတယ်။
    သားတစ်ယောက်ကို ဆုံး၇ူံးလိုက်၇ပြီ၊
    နောက်တစ်ယောက်ကလဲ........

    ReplyDelete

Note: Only a member of this blog may post a comment.