Wednesday, October 18, 2006

White Expression Campaign

ဒီနေ့ ကိုမင်းကိုနိုင်ရဲ့ (၄၄)နှစ်ပြည့် မွေးနေ့၊ အဖြူရောင် ဖေါ်ပြချက် လှုပ်ရှားမှု (White Expression Campaign) နောက်ဆုံးရက် ဖြစ်ပါတယ်။ ကျွန်တော့် အမြင်မှာတော့ ဒီလှုပ်ရှားမှု ကို ဒီ့ထက်ကြာကြာ လုပ်စေချင်ပါတယ်။ နေ့တိုင်းမဟုတ်တောင် တစ်ပါတ် တစ်ရက်ပေါ့။ လူတွေရဲ့ ပါဝင်မှု ဒီ့ထက် ပိုရှိသင့်တယ်လို့ထင်တယ်။ ကျွန်တော်ဆို အနက်ဝတ်တာပဲများတာမို့ အဖြူရောင်အင်္ကျီလေး ခပ်ဟောင်းဟောင်း တစ်ထည်ပဲရှိတာ၊ ဒါပေမယ့် အရေးမကြီးဘူး ဒီရက်မှာ အဖြူဝတ်ဖို့ အရေးကြီးတယ်။ ၀တ်တာပဲ။ အဲ့လို လူတိုင်းဝတ်သင့်တယ်။ လမ်မပေါ်မှာ အားလုံး အဖြူဝတ်ထားတာ မြင်ရင် ဒီစစ်အာဏာရှင်တွေ တုန်လှုပ်သွားစေရမယ်။ ဒီလိုလုပ်နိုင်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။

 ကိုမင်းကိုနိုင်၊ (ကို)ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုပြုံးချို တို့ အပါအ၀င် အဖမ်းဆီးခံနေရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ အမြန်ဆုံး လွတ်မြောက်ပါစေ။  ကိုမင်းကိုနိုင် ပြည်သူလူထုနဲ့အမြန်ဆုံး လက်တွဲ တိုက်ပွဲဝင်နိုင်ပါစေ။ စစ်အာဏာရှင်တွေ ကိုမင်းကိုနိုင် ရဲ့ ရှေ့မှောက်မှာ ရှုံးနိမ့်ပါစေ။




1 comment:

  1. မွေးနေ့ဆုတောင်းလေးတွေ ကြိုက်လို့ တစုတစည်းတည်းပြချင်လို့ ကျနော့် blog မှာ တင်ပါရစေလို့။ အကြောင်း အမျိုးမျိုးကြောင့် link မတင်စေချင်ရင်လည်း comment ဖြစ်ဖြစ် email ဖြစ်ဖြစ် ပို့လိုက်ပါနော်။ ကျေးဇူးပါဗျာ။

    ReplyDelete

Note: Only a member of this blog may post a comment.