Sunday, September 02, 2007

weekend poetry


ပျက်စီးခြစားနေတဲ့ အုပ်ချုပ်သူ လူတန်းစား၊
ထင်ရာစိုင်း ရူးသွပ်နေဆဲ အာဏာရှင်၊
ဒီပုံအတိုင်း၊ နေ့တိုင်းနေ့တိုင်း
ဘာမှ ပြောင်းလဲခြင်းမရှိသေး
ငါတို့တွေဟာ ဒီဖိနှိပ်မှုရဲ့ ထောင်ထဲမှာ
ငါတို့ ကြောက်ရွံ့ခြင်းမှာ လှောင်ပိတ်ဖို့မလိုဘူး
ငါတို့ ရုန်းထွက်ကြတော့
ဆက်သွယ်ရေးလမ်းကြောင်းတိုင်းမှာ
ဘက်ပေါင်းစုံမှာ မင်းလို မကောင်းဆိုးဝါးတွေ။
မင်းတို့ရဲ့
ဒီမျက်နှာတွေ
ဒီမျက်လုံးတွေမှာ ငါမြင်တယ်။
ငါမြင်သမျှက မတရားမှုတွေချည်းပဲ
ယုတ်မာမှုတွေ
နူနာစွဲသလို မင်းတို့ရဲ့ အသားထဲမှာ ယုတ်မာမှုတွေ။
မင်းရဲ့ အသားထဲက တရွရွ တက်လာတဲ့ အပုတ်နံ့ကို ငါရတယ်။
မင်းဟာ ဒီလေထုကို အဆိပ်ခတ်သတ်ခဲ့တယ်။
မင်းဟာ အမျိုးသားရေးကို မတရားကျင့်ဖျက်ဆီးခဲ့တယ်။
ငါ့ရဲ့စိတ်ထဲမှာ
မင်းရဲ့ မိစ္ဆာအမိုက်မှောင်ကို ခွဲယူ ဖေါက်ထုတ်
မင်းနဲ့သင့်တော်တဲ့နေရာကို ပို့ပေးချင်တယ်။
မင်းကိုမကောင်းဆိုးဝါးတွေ ပူးကပ် ဖျားနာနေတာကို
ငါတို့ပြည်သူလူထုရဲ့ ဒုက္ခတွေ ဖြန့်ပြ၊
မင်းကို အမှန်တရားတွေနဲ့ လွှမ်းခြုံပေးပြီး၊
ကုသပေးချင်တယ်။

[ကြံ့ဖွတ်များသို့ ...]


2 comments:

  1. I wish it was in English.
    :(

    absurd thought -
    God of the Universe says
    outlaw poetry...
    .

    ReplyDelete
  2. Once there was a morning when all munks were arrested, beaten and deported. Students were attacked by military men. People tortured and killed on the streets.

    You can blow out a candle, but you can't blow out a fire
    once the flame begins to catch, the wind will blow it higher

    song by Peter Gabriël (2nd alinea)
    tekst by vyrtis (1nd alinea-Dendermonde-Belgium)

    The world IS watching

    ReplyDelete

Note: Only a member of this blog may post a comment.