Saturday, February 04, 2006

Fever

ရက်ပေါင်းများစွာ သတိရမှုတွေနဲ့ တုန်ခါနေခဲ့တယ်။ သူနဲ့ ပြန် ဆုံတွေ့ ချင်တယ် တဲ့၊ နှလုံးသားကပြောတယ်။ သက်သက်ရေ... နင်လာမယ် မဟုတ်လား။ နှင်းတွေ ကျနေပြန်ပြီလေ။ မှုံမှိုင်း အေးခဲနေတဲ့ နေ့ တွေမှာ ငါနင့်ကို အပြေးအလွှား ရှာနေခဲ့တယ်။ ဖြူ မှိုင်းမှိုင်း ညနေခင်းဟာ ဝိညာဉ်ပေါင်းများစွာ လွင့်မြောနေသလို လွမ်းဆွတ်ဖွယ် အသက်ဝင်နေပြီ။ ဝေ့ဝဲကျဆင်းနေတဲ့ နှင်းလွှာတွေကို မြင်ရင် လောင်ကျွမ်း ခံစားသွားရတဲ့ နှလုံးသားတွေ ပြာကျ မြေခလာတယ်လို့ ရင်ထဲမှာ အရောင်မဲ့ အလွမ်းတို့  ငွေ့ ရည်ဖွဲ့ ကြတယ်။ သက်သက်ရေ... ငါဘယ်မှာလဲ။   ငါ့ကိုယ်ငါ ပြန်ရှာမတွေ့ တာ ကြာလှပေါ့။ ငါလမ်းတွေအများကြီး လျှောက်လာခဲ့ရတာ။ ရှေ့ မှာ ဘာမှမမြင်ရအောင် ပိန်းပိတ်အောင် မြူတွေဆိုင်းနေတဲ့ အချိန်တွေကို ဖြတ်သန်းပြီး လာခဲ့ရတာလေ။
သက်သက်ရေ... ငါဘယ်မှာလဲ။


Technorati Tags:

No comments:

Post a Comment

Note: Only a member of this blog may post a comment.