တကယ်ဆို သဲလွန်စလည်း မလိုပါဘူး။ သူတို့ က မေးခွန်းများစွာကို
မြုတ်နှံရစ်ဖို့  ပြောတယ်။ သေချာတယ်။ ပျောက်ဆုံးတာတွေ များလှပြီ။ အားလုံး
နောက်ပြန် မလှည့်တော့တဲ့ စာမျက်နှာတွေ။ ခမ်းချောက်ချောက်နဲ့ 
ငါရေရွတ်နေမိတယ်၊ ရေဆာတယ်လို့ ၊ သူတို့ လည်း မရပ်မနား ရေရွတ်နေကြတယ်။
အလင်း မရောက်ခင် ခန်းဆီးနက်နက်တွေ လိုတယ်တဲ့။ မသေချာမှုတွေထဲမှာ ရွှေရောင်
မိုးကောင်းကင် ရှိသတဲ့။ သူတို့  အတွက်တော့ ကောင်းတာပေါ့၊ ကျုပ်မှာတော့
ထပ်ပြန်တလဲလဲ အိပ်မက်ဆိုးတွေထဲ ပြေးလွှားနေခဲ့ရ။ ဒုက္ခနံ့ တွေနဲ့  အသက်ရှ
ုတိုင်း မွန်းကြပ်လွန်းလှပြီ။ အခန်းထဲမှာ အဲဒီအဆိပ်ငွေ့ တွေ အပြည့်ပေါ့။
စိတ်ဆန္ဒတွေလည်း သင်္ချိုင်း တစ်ခုလုံး ပြည့်ပြီပေါ့။ သူတို့  ကြေနပ်စွာ
စောင့်ကြည့်နေကြတယ်။ အောင်မြင်ခါနီးပြီတဲ့။
ဒီလိုပဲ
ကျွန်တော် သေသွားခဲ့ပါတယ်။
Technorati Tags: Scream
whoa..
ReplyDelete